ကိုဗစ်-၁၉ ရောဂါကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

 


MNP - မတ်    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ရေတွင်းဆိပ်ကျေးရွာအုပ်စု အရာတော်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈) နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Kovichi)အား ဆေးထိုးစုရပ်ဖြစ်သည့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့  နံနက် ( ၈ )နာရီ အချိန်မှ စတင်၍ ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် ပြင်စလူမြို့၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူများသို့ ထိုးနှံပေးသည့် ကိုဗစ်ရောဂါကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် (Kovichi) အမျိုးအစား ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်လုံးလျင် (၁၁)ဦး ထိုးနှံပေးပြီး အသက်(၁၈)နှစ်နှင့်အထက် ကျေးရွာ အုပ်စုတို့မှ ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူ (၂၃၁) ဦးအတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 သတင်း - ထွန်းထွန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)