စားသုံးဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP - မတ်    ၉

ပြည်တွင်း၌ လူတစ်ဦးချင်းစီ၏ ပျှမ်းမျှဆီစားသုံးမှုမှာ များပြားနေပြီး စားသုံးဆီများကို ပြည်ပမှ မှာယူတင်သွင်း နေရသည့်အတွက် ဒေသတွင်း စားသုံးဆီဖူ လုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့် ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၃)၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ် အတွင်း ဆန်စပါးဖူလုံမှုရှိသော်လည်း ဆီဖူလုံမှုမှာ ၇၀ ရာခိုင်နှုန်း ခန့်သာရှိပြီး ပြည်ပမှမှာ ယူတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း၊ ဆီထွက်သီးနှံ အမျိုးမျိုးရှိ သော်လည်း ဒေသတွင်းစိုက်ပျိုး ထုတ်လုပ်နိုင်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပြောင်းဖူး၊ ပဲပုတ်၊ ဝါစေ့များမှ စားသုံးဆီကိုထုတ်လုပ်နိုင်ကြောင်း၊ သီးထပ်သီးညှပ်များဖြင့် ဆီထွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်၍ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်စေရေး တောင်သူများအား စည်းရုံးဆောင်ရွက် ဖို့လိုကြောင်း၊ ဒေသတွင်းဆီဖူလုံမှုရှိစေရေး ဆီစက်ကြီးများထူထောင်ပေးဖို့လိုကြောင်း၊ အဓိကအားဖြင့် ဆီဖူလုံဖို့လိုပြီး ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ကာ ယခုအစည်းအဝေးသို့ တက်ရောက်လာသူများက လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း‌ ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေး လမ်းညွှန်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးဦးဇော်ဝမ်းက ဆီးထွက်သီးနှံ၏အရေးပါမှုအခန်းကဏ္ဍ၊ ဆီထွက်သီးနှံများ၏ တစ်ဧကဆီထွက်ရှိမှု၊ ကရင်ပြည်နယ်၏(၆)နှစ်တာ ကာလအတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု အခြေ အနေ၊ မြေပဲ၊ နှမ်း၊ နေကြာ သီးနှံစိုက်ပျိုးမှုအခြေအနေ၊ ဆီထွက်သီးနှံ (၅)နှစ်စီမံ ကိန်း၊ ကရင် ပြည်နယ်၏ ခရိုင်အလိုက်ဆီထွက်သီးနှံစိုက်ပျိုးမှုအခြေအနေ၊ ကရင်ပြည်နယ်အတွင်း ဆီဖူလုံ/ပိုလျှံမှု အခြေအနေ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့်အစီအစဉ်များ စသည်ဖြင့် ပြည်နယ် အတွင်း စားသုံးဆီ ဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး အခြေအနေမျာအား Power Point အသုံးပြုရှင်းလင်းတင်ပြသည်။

ယင်းနောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ပြည်နယ်ကုန်သည် ကြီးများအသင်း၊ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်တက်ရောက်လာသော ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ လှိုင်းဘွဲ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး အစရှိ သောမြို့နယ်များမှ တောင်သူဦးကြီးများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို အမြန်ဆုံးဖွဲ့စည်းပေးနိုင်ရေး၊ ဆီးထွက်သီးနှံ မျိုးကောင်းမျိုးသန့်များအား အစားထိုးလဲလှယ် ထောက်ပံ့ဖြန့်ဖြူးပေးသွားနိုင်ရေး ဆီထွက်သီးနှံအထူးအသိပညာပေး အခန်းကဏ္ဍအား အထူးအလေးထားဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ေစောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)