မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်ဆီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်ဆီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည်





MNP - မတ်    ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ကြက်ခြေနီ‌ကြီးကြပ်မှုကော်မတီက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်နယ်အတွင်း Oxygen လိုအပ်မှုအား ထောက်ပံ့ ကူညီ နိုင်ရေးအတွက် အေးစေတီရပ်ကွက်ရှိ ကော်မတီပိုင် ဥယျာဉ်ခြံအတွင်း အောက်ဆီဂျင်စက်ရုံသစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက်  မြန်မာနိုင်ငံကြက်ခြေနီအသင်းထံမှ Oxygen Plant နှင့်အတူ 150 KVA မီးစက်တစ်လုံးကို ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ရာ မတ် ၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူတို့က စစ်ဆေးလက်ခံခဲ့ကြသည်။

အောက်ဆီဂျင်စက်အား မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီပိုင် ဥယျာဉ်ခြံအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အောက်ဆီဂျင် စက်ရုံ စတင်လည်ပတ်ပါက မြစ်ကြီးနားမြို့ရှိ ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အပါအဝင် ပရဟိတအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာ စခန်းနေပြည်သူ များနှင့် အောက်ဆီဂျင် အမှန်တကယ် လိုအပ်လျက်ရှိသော လူနာများအားများ အခမဲ့ ဖြန့်‌ဝေပေး သွားနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက ပြောကြား သည်။

ထို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အဆိုပါ အောက်ဆီဂျင်စက် အပါအဝင် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအတွက် ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်များအတွက် ကိုလည်း ထပ်မံခွဲဝေပေးပို့သွားမည်‌ဖြစ် ကြောင်း သိရသည်။

သတင်း - မျိုးမြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)