ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကျင်းပ



MNP  -  မတ်     ၂၇

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနား ခရိုင်၊ ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်သည် မြန်မာ-တရုတ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိနေပြီး ကုန်စည်စီးဆင်းရာလမ်းကြောင်းပေါ်တွင် အဓိကကျသည့် မြို့နယ် ဖြစ်သည့်အတွက် အချိန်တိုအတွင်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ ထို့ကြောင့် မြို့နယ် အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းတာဝန် များကို ကြိုးပမ်းဆောင်ရွက်ကြရေး၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းကမ်းများနှင့်အညီ ရိုးသား ကြိုးစားစွာလုပ်ကိုင်ဆောင်ရွက်ကြရေးနှင့် မိမိတို့၏ လုံခြုံရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျောင်း သား/သူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးကိုလည်း ဌာနဆိုင်ရာများ အားလုံးက အလေးထား ပူးပေါင်းလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများက မြို့နယ် အတွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြည့်မီစွာ ထိုးနှံပေးနိုင်ရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ မကြာမီကျင်းပတော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် လုံခြုံရေးဆိုင်ရာ စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝင်း အတွင်းရှိ မြို့နယ်တရားရုံး၌ တရားသူကြီးနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တရား ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တရားရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ ဝိုင်းမော်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာကျောင်းဝင်းအနီး မြို့နယ်တရားရုံးအသစ်တည်ဆောက်ပေးနိုင်ရေး မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)