ဂွမြို့ရာဇပဗ္ဗတ မင်းတောင်စေတီတော်မြတ်ကြီးတွင် ရပ်တော်မူ(စကျင်) ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ရာဇပဗ္ဗတ မင်းတောင်စေတီတော်မြတ်ကြီးတွင် ရပ်တော်မူ(စကျင်) ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ








MNP ၊ မတ်   ၆

ရခိုင်ပြည်နယ် ဂွမြို့၊မြို့မရပ်ကွက်၊ရှေးဟောင်းသမိုင်းဝင် ရာဇပဗ္ဗတ မင်းတောင်စေတီတော်မြတ်ကြီးတွင်မင်းတောင်စေတီတော်မြတ်ကြီး၏ နာယက သြဝါဒ စရိယ သမ္ဓမ္မမေဒနီ မြို့မကျောင်းတိုက်၏ ပဓာနနာယက ဘဒ္ဒန္တ သုစိတ္တဓမ္မ(မဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ကြီး၏ သြဝါဒကို ခံယူလျက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဓမ္မစကြာကျောင်းတိုက်၏ပဓာန နာယက (အဂ္ဂမဟာ ရန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ဇေယျာလူမှုထူးချွန်(ပထမဆင့်) ဘဒ္ဒန္တ အာဝုဓ အရှင်မြတ်သည် ဂွမြို့သူ၊ မြို့သားများနှင့် အလုံးစုံသော လူနတ်ဗြဟ္မာ သတ္တဝါ (၇)ရက်သားသမီးအားလုံး ကိုးကွယ်ပူဇော်နိုင်ရန်အတွက်  ဉာဏ်တော်(၁၅)ပေခန့်ရှိ ရပ်တော်မူ (စကျင်ကျောက်) ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့်ဇနီး အမှူးပြုသည့် အလှူရှင်များက ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာသောသံဃာတော်များနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊အလှူရှင်များက``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပတ္တမြားလူငယ်အငြိမ့်အဖွဲ့မှ  ဓမ္မပူဇာသီချင်းဖြင့်ပူဇော်ခဲ့ကြသည်။


ဆက်လက်၍ သမ္ဓမ္မမေဒနီ မြို့မကျောင်းတိုက်၏ ပဓာနနာယက (မဟာသဒ္ဓမ္မဇောတိကဓဇ) မြို့နယ်သံဃနာယကဆရာတော်ဘဒ္ဒန္တ သုစိတ္တဓမ္မထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်ရေ၊ ပရိတ်ပန်း၊ မင်္ဂလာပန္နက်တိုင်များအား သံဃာတော်များထံ ဆက်ကပ်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခြင်း၊ သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းစသော လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

  ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဓမ္မစကြာကျောင်းတိုက်၏ပဓာန နာယက (အဂ္ဂမဟာ ရန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ဇေယျာလူမှုထူးချွန်(ပထမဆင့်) ဘဒ္ဒန္တ အာဝုဓ အရှင်သူမြတ်က အနုမောဒနာ ရေစက်ချ တရားချီးမြှင့်ခဲ့ပြီး ပန္နက်တော်တင်အုတ်မြစ်ချမင်္ဂလာကို ဆက်လက်ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊အလှူရှင်များကမင်္ဂလာပန္နက်တိုင်များ တင်လှူပူဇော်ကြပြီးအမွှေးနံ့သာရည်များပက်ဖျန်းကာ မင်္ဂလာ ပန္နက်တော်တင် အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)