ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အမ်းမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ပူလောင်တောင်စေတီတော် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အမ်းမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ပူလောင်တောင်စေတီတော် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားတက်ရောက်








MNP ၊ မတ်  ၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ပူလောင်တောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ပူလောင်တောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အထွဋ်တင်လှူ ပူ ဇော်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ပရဝုဏ်အတွင်း၌ ကျင်းပရာ အမ်းမြို့၊ မြို့ဦးကျောင်း တိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညာဓိကအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိများနှင့်ဇနီးများ၊ အမ်းတပ်နယ်မှတပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် မိသားစုဝင်များဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက ရာဇာမင်း၊ ဒေဝါမင်းများခြံရန်လျှက် စိန်ဖူးတော်၊ ထီးတော်ဘုံအဆင့်ဆင့်နှင့် အရံစေတီတော်များအား ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး ထီးတော်တင်မည့်မင်္ဂ လာမဏ္ဍပ်၌ သံဃာတော်များထံသို့ စိန်ဖူးတော်၊ ထီးတော်ဘုံအဆင့်ဆင့်တို့အား ကပ်လှူပူဇော်ကြ သည်။ ဆက်လက်၍ စိန်ဖူးတော်၊ ထီးတော်ဘုံအဆင့်ဆင့်တို့အား ပန်းရထားဖြင့်ပင့်ဆောင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၌ စိန်ဖူးတော်ကို တင်လှူ ပူဇော်ကြပြီး ထီးတော်တင်လှူပြီးသည့် ပူလောင်တောင်စေတီတော်နှင့်အရံစေတီတော်များအား ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေကအနေကဇာတင်ကြသည်။

ထို့နောက်စေတီတော် ဓမ္မာရုံ၌ အမ်းမြို့၊ မြို့ဦးကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညာဓိကထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများနှင့်ဇနီးများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြကာ မြို့ဦးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်နှင့် မြောက်ဘက်ရပ်ကွက်အား ဆက်သွယ်ထားသည့် အရှည်ပေ ၇၂၀ ရှိ အမ်းချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)