ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ



MNP -  မတ်    ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ လခွဲ(မ-၈)တွင် နွေရာသီအား ကစားသင်တန်းများဖြစ်သည့် ဝူရှူး၊ အေရိုးဘစ်၊ ဘောလုံးနှင့် စားပွဲတင်တင်းနစ် သင်တန်းများသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်၉:၀၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရပါသည်။

 ကျောင်းသား/သူများ၏ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားစိတ်ဓာတ်များရင့် သန်စေရန် ရည်ရွယ်၍  နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ အဆိုပါ သင်တန်းကို ၆-၃-၂၀၂၂ မှ ၃၀-၃-၂၀၂၂ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ ၈၀ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှနည်းစနစ်မှူးဒေါ်ဂျူးဂျူးထံမှ သိရပါသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ မှအဖွင့်အမှာစကား ပြောကြားခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်မှ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း   ပြောကြားခဲ့ပြီး သင်တန်သား/သူများ၏ ကာယအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်း အနားကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်(၂)ဦးလှကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့် ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်အားပေးခဲ့ကြောင်းနှင့် ယုဇန E.I.M အဖွဲ့နှင့် သင်တန်းသူ/သင်တန်းသားများကလည်း အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်း - လဲ့လဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)