ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ (ကညင်ချောင်း-သာပေါင်း) အင်းချောင်းအတွင်း ငါးမြစ်ချင်းကောင်ရေ (၁၀၀၀၀၀)ငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ (ကညင်ချောင်း-သာပေါင်း) အင်းချောင်းအတွင်း ငါးမြစ်ချင်းကောင်ရေ (၁၀၀၀၀၀)ငါးမျိုးစိုက်ထည့်



MNP - မတ်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ နံနံပင်ကုန်းကျေးရွာရှိ (ကညင်းချောင်း-သာပေါင်း)အင်းချောင်းများအတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ငါးမျိုးများ စိုက်ထည့်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း၊ တိုင်းငါးလုပ်ငန်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းမြင့်စော၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ ဌာနဆိုင်ရာများ၊ အင်းလုပ်သားကြီးများ၊ ကျေးလက်နေပြည်သူတို့မှ (ကညင်းချောင်း-သာပေါင်း) အင်းချောင်းများအတွင်းသို့ ငါးမြစ်ချင်း(၂)လက္မအရွယ် ငါးကောင်ရေ (၁၀၀၀၀၀)အား မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ မပြုန်းတီးရေးနှင့် တိုးပွားပေါများလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာ ပိုမိုဖူလုံလာစေပြီး စားသုံးမှု မြင့်မားလာနိုင်ရေးအတွက် ငါးမျိုး စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)