ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကျင်းပ

 


MNP -  မတ်    ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများက တစ်ဦးခြင်းမိတ်ဆက်စကားပြောကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ပြည်နယ်အကျိုးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အကြံဉာဏ်များလည်း လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း ဥပဒေပြဌာန်းပေးထားပြီးဖြစ်ပါ၍ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားအားလုံး ဥပဒေနှင့်အညီ လွတ်လပ်စွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားများနှင့်အတူ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် ပညာရေး၊ ပြည်သူများအတွက် စိုက်ပျိုးရေး၊ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြိုးစား၍ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ကုသဆေးများ၊ အောက်စီဂျင်စက်များ အလုံအလောက် ထားရှိပေးထားပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူများက အတူလက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်မည်ဆိုပါက ပြည်နယ်သည်အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသီးသီးက ၎င်းတို့ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။

သတင်း - ကိုဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)