
MyanmarNationalPost

News Agency

Breaking


 


 MNP -  မတ်   ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးအတွက် မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ပိုင်းက တာဝန်ရှိသူများက  ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဖုန်းမြင့်အေး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးဝေလင်းနှင့် အဖွဲ့ဝင်များက အ.ထ.က (၁) မုဒုံစာစစ်ဌာနတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ လုံလောက်စွာထားရှိရေး၊ စာဖြေခန်း များအတွင်း လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ ခလုတ်နှင့် လျှပ်စစ်သုံး ပစ္စည်းများ စနစ်တကျ ထားရှိမှု၊ မီးသတ်ရေကန်များ၊ ပိုက်ခေါင်းများနှင့် မီးချိတ်မီး ကတ် ရေပုံး၊ သဲအိတ်များထားရှိမှုတို့ကို စစ်ဆေးခဲ့ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံများကို ပြောကြားခဲ့သည်။

မုဒုံမြို့နယ်အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန (၂) ခုတွင် ကျောင်းသား/သူ စုစုပေါင်း ၁၂၆၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)