ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦးသစ် ရတနာပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦးသစ် ရတနာပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်


MNP - မတ်    ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက် ကြို့ပင်သာ (၂)လမ်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သော မြို့နယ်တရားရုံးအဆောက်အဦးသစ်၏ ရတနာပန္နက်တော်တင် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်၍ ပန္နက်တော်တင်မင်္ဂလာပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သိန်းသိန်းနှင်းက ယခုစတင်ဆောက်လုပ်မည့် တရာရုံးအဆောက်အဦး သစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တာဝန်ယူတည်ဆောက်မည့် Winner Land Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ အောင်မြင့်က အဆောက်အဦးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်တရားရုံး အဆောက်အဦးသစ်အား သတ်မှတ်ထားသောနေရာများတွင် ပန္နက်ရိုက်၍ ပန္နက် တော်တင်ခြင်းမင်္ဂလာကို ပြုလုပ်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်တရားသူကြီးများ၊ သာယာဝတီခရိုင်(၈)မြို့နယ်မှ မြို့နယ် တရားသူကြီးများနှင့် ဝန်ထမ်းများ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ်တရာရုံး အဆောက်အဦးသစ်အား Winner Land Co,Ltd မှ ငွေကျပ်သိန်းပေါင်း ၁၇၆၀၀ ဖြင့် သံကူကွန်ကရစ် နှစ်ထပ်ပင်မအဆောက်အဦးနှင့် လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ယာ၊ ဘိလစ်စတိုနှင့် သက်သေနားနေဆောင်၊ အချုပ်ခန်းများအား တာဝန်ယူ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇေယျာထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)