ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ထားမှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ထားမှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး


MNP - မတ်     ၃

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ထားသော ကိုယ်ပိုင်ကျောင်းများ ကျန်းမာရေးဌာန၏ညွှန်ကြားချက်အရ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ထားမှု ရှိ / မရှိကို  နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကော်မတီအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ရှောင်တခင်  ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ကိုယ်ပိုင်ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများ - (၁) Mask တပ်ဆင်ခြင်းရှိ / မရှိ၊ (၂) ကိုယ်အပူချိန်တိုင်း Thermometer ရှိ / မရှိ (၃)  ကျောင်းသားတစ်ဦးနှင့်တစ်ဦး (၃) ပေအကွာ နေထိုင်မှု ရှိ / မရှိ ၊ (၄) Hand Jel ထားရှိခြင်း ရှိ / မရှိ (၅) လက်ဆေးဘေစင်ထားရှိမှု ရှိ / မရှိ ၊ (၆) အလင်းရောင်ကောင်းစွာ ရ / မရ ၊ (၇)  လေဝင်လေထွက် ကောင်း / မကောင်း၊ (၈) စာရေးကိရိယာများလဲလှယ်ရန် ထား / မထား၊ (၉) ဖျားနာသူများရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန်၊ (၁၀) အမှန်တကယ် ဖျားနာသူရှိပါက ကျောင်းမတက်ပဲ  မိမိအိမ်တွင်နေထိုင်ရန် စသည့် အချက်(၁)ချက်ဖြင့် စစ်ဆေး ခဲ့သည်။

အဆိုပါရှောင်တခင် စစ်ဆေးသည့် လုပ်ငန်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းသန်းထိုက်၏ ဦးဆောင်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ပူးပေါင်းဆောင်ရွက်လျက် ကိုယ်ပိုင်ကျောင်း (၇) ကျောင်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)