ကလိန်အောင်ဒေသထွက် သံပုရာသီးများ ယခင်နှစ်ကထက် ဈေးကောင်းရ၍ သံပုရာပင် စိုက်ပျိုးသူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်ဒေသထွက် သံပုရာသီးများ ယခင်နှစ်ကထက် ဈေးကောင်းရ၍ သံပုရာပင် စိုက်ပျိုးသူများအဆင်ပြေ

 


MNP -  မတ်   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက်ကုန် အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရာသီဥတုနှင့် သဘာဝရေမြေအနေ အထားအရ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့အတွင်း၌ သံပုရာပင် စိုက်ပျိုးဧကပေါင်းများစွာ ရှိပြီး နှစ်စဉ် မိုးရာသီနှင့် နွေရာသီတွင် သံပုရာသီးများစွာ ထွက်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံပုရာပင်မှ သံပုရာသီးများမှာ မိုးရာသီတွင် များစွာသီးသော်လည်း ဈေးနှုန်းမှာ တစ်လုံး လျှင် ငွေကျပ်(၇)ကျပ်မှ (၈)ကျပ်သာရရှိပြီး နွေရာသီတွင် ဈေးနှုန်းပိုမိုရရှိ လျက်ရှိပြီး ယမန်နှစ် က သံပုရာသီးဈေးနှုန်းမှာ အကြီးတစ်လုံးကို (၆၅)ကျပ်သာရရှိပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိပြီး သံပုရာသီး အကြီးတစ်လုံးလျှင် ငွေကျပ်(၉၅)ကျပ်၊ အငယ်တစ်လုံးလျှင် (၄၅)ကျပ်အထိရရှိပြီး ကလိန်အောင်မြို့ သံပုရာပင် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အနေဖြင့် ဝင်ငွေများ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့အတွင်း၌ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် သံပုရာပင်စိုက်ပျိုးဧက ပေါင်းများစွာရှိပြီး အဆိုပါ သံပုရာသီးများကို ထားဝယ်မြို့၊‌ ရေးမြို့၊ မော်လမြိုင်မြို့နှင့် ရန်ကုန် မြို့ရှိ သံပုရားအဝယ်ဒိုင်ကြီးများကို တင်ပို့ရောင်းချလျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ အဝယ်ဒိုင်များတွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်ခင်လဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)