မသန်စွမ်းကလေးငယ်များအား သင်ထောက်ကူပစ္စည်းများ တွံတေး၌ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မသန်စွမ်းကလေးငယ်များအား သင်ထောက်ကူပစ္စည်းများ တွံတေး၌ ပေးအပ်

 


MNP - မတ်    ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် မသန်စွမ်း ကလေးငယ်များအား တွံတေးမြို့နယ် မသန်စွမ်းသူများ ကာယသုခအသင်းမှ ကလေးငယ်များ အတွက် သင်ထောက်ကူပစ္စည်း ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ စာကြည်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခံကြောင်း သိရသည်။

သင်ထောက်ကူပစ္စည်း ပေးအပ်ရာတွင် တွံတေးမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် မသန်စွမ်း ကလေးငယ် (၂၀) ဦးကို ကိုဗစ်- ၁၉ရောဂါကာလအတွင်း ကျောင်းသားများ နေအိမ်တွင် ဖြည့်စွတ် သင်ယူခြင်းအတွက် ပံ့ပိုးပေးခြင်း၊ စာသင်ကြားလေ့လာရာတွင် အခက်အခဲရှိနေသော ကလေးငယ်များနှင့် မသန်စွမ်းကလေးငယ်များ၏ သင်ယူမှုအား ပံပိုးကူညီမှုပြုနိုင်ရန်အတွက် အုပ်ထိန်းသူ (ပြုစုစောင့်ရှောက်မှုပေးသူ) လမ်းညွန်၊ ကစားရင်းနဲ့ သင်ပေးမယ် နည်းလမ်း အသွယ်သွယ် (ပြုစုစောင့်ရှောက်သူ လက်စွဲစာအုပ် အပိုင်း-၁)၊ သင်လည်းသူရဲကောင်း တစ်ယောက်ပါ (ပုံပြင်စာအုပ်)၊ တို့တွေကမ္ဘာအပြင်မှာ၊ ရေကူး၊ ဘောလုံးကန် (ဂိမ်းကစားနည်းစာအုပ်)၊ မြန်မာ့အက္ခရာ(မြန်မာစာ)၊ ဖိနပ်လေးခုနှစ်ဖက် (ပုံပြင်) မြန်မာ ဂဏန်းသင်္ချာ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းပိတ်ထားချိန် မိဘနှင့် ပြုစုစောင့်ရှောက်သူများအတွက် နည်းလမ်းကောင်းများ၊ ကစားရင်းနဲ့ သင်ပေးမယ် နည်းလမ်းအသွယ်သွယ် (ပြုစုစောင့်ရှောက်သူ လက်စွဲစာအုပ် အပိုင်း-၂)၊  ငါတို့မှာ ခြေထောက်တွေ ရှိတယ်၊ ဆာလောင်နေသော ခူကောင်လေး(ပုံပြင်) လွင်လွင်ကိန်ဂဏန်းများကို သင်ယူခြင်း(ပုံပြင်-၃)၊ မင်္ဂလာပါခင်ဗျာ စသော စာအုပ်များအပြင် ဆေးရောင်ခြယ်ရောင်စုံ ခဲတံများ၊ ပုံဆွဲစာအုပ်များ၊ ကလေးငယ်များအတွက် ကြက်ဥများအား ကာယသုခအသင်း အတွင်းရေးမှူး ဒေါ်ဥမ္မာရွှေက ပေးအပ်ခံပြီး မိဘအုပ်ထိန်းသူ/ပြုစုစောင့်ရှောက်သူတို့အား သင်ထောက်ကူပစ္စည်းများကို အသုံးပြုပုံ၊ သင်ကြားမှုများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က ကျောင်းနေအရွယ် မသန်းစွမ်းကလေးငယ်တွေကို မှတ်ဉာဏ်စွမ်းရည်တွေ၊ ရုပ်ပုံ ကားချပ်ကိုကြည့်ပြီး အခြားကလေးများနည်းတူ သိရှိစေချင်တာရယ်၊ ဉာဏ်စွမ့်းရည်မြှင့်မား လာဖို့၊ ဂိမ်းကစားပြီး မှတ်ဉာဏ်များရရှိပြီး စာလုံးတွေသိရှအောင်၊ ကလေးများကို သင်ယူမှုပုံစံ ပျော်ရွှင်လာစေရန် ပုံပြောပြချင်များကို ပြုလုပ်ပြီး တစ်နေ့တာ ကလေးငယ်ရဲ့ စွမ်းရည် တိုးတက်လာမှုကို နေ့စဉ်မှတ်တမ်းထားဖို့ လိုပါတယ် မသန်ကလေးငယ်များ စာပေတတ်မြောက် စေရန် ရည်ရွယ်၍ သင်ထောက်ကူပစ္စည်းတွေကို ကျွန်မတို့က လှူဒါန်းပေးခြင်း ဖြစ်ပါတယ်” လို့ ကာယသုခ မသန်စွမ်းသူများအသင်း အတွင်းရေးမှူးက ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - တွံတေးသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)