အလုံမြို့နယ်၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်



MNP - မတ်   ၂၅

၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

နံရံကပ်စာစောင်တွင် မြန်မာ့တပ်မတော်သမိုင်း၊ ရဲဘော်သုံးကျိပ်၏ အမည်နှင့် မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်မှ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ် စသည့်ဖြင့် ပါဝင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်(၁၀၀)တို့ကို ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - တင်တင်ချို 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)