မအူပင်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်

 


MNP - မတ်    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အားကစားကွင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံပညာ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူငယ်၊ လူရွယ်နှင့် ကျောင်းသား/ ကျောင်းသူများ အားကစားအပေါ် စိတ်ပါဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန်၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ပြီး မြို့နယ်အားကစားမှူး ဒေါ်ဇင်မာခိုင်မှ ဦးဆောင်၍ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ ဘောလုံး၊ အေရိုးဗစ်၊ စသည့် အားကစားနည်း ၆ မျိုး သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် နွေရာသီ အခြေခံပညာ အားကစားသင်တန်းများကို (၂၅.၃.၂၀၂၂)ရက်နေ့မှ (၃.၄.၂၀၂၂)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး (၄.၄.၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့များတွင် သင်တန်းဆင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

သတင်း -  အောင်ခိုင်၊အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)