ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်




MNP - မတ်    ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် လူမျိုး၊ဘာသာမရွေး ခရီးသွားလာသူမိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးလက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့်ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ပလောက်တံတားဂိတ်အရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ ခရီးသွားပြည်သူများကို အထိုင် ချစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - နှင်းမြူလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)