MNP - မတ် ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အမျိုးသမီးများ အကြမ်းဖက် ခံရခြင်းမှ ကာကွယ်နိုင်ရန်၊ နေ့စဉ်သွားလားလှုပ်ရှားသည့် လူနေမှုဘဝ လုံခြုံမှုရရှိရေးအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်(ထွေ/အုပ်) ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဟောပြာပွဲတွင် နိုင်ငံတော်မှဆောင်ရွက်နေသည့် အမျိုးသမီးများ ဘဝလုံခြုံမှုရရှိရေးအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း အမျိုးအစားများ၊ အကြမ်းဖက်မှုအပေါ် ကူညီဆောင်ရွက်ရမည့် အချက်များနှင့် အမျိုးသမီး များ နေ့စဉ် လူနေမှုဘဝလုံခြုံမှုရရှိရေး မိမိကိုယ်တိုင် ဆောင်ရွက်ရမည့်အချက်များကို ချောင်းဆုံမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ် နေထက်အောင်က ဟောပြောခဲ့သည်။
အဆိုပါ ပညာပေးအစီအစဉ်ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဉက္ကဋ္ဌ ဒေါ်ညွ့န်ညွ့န်အေးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံအမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ချောင်းဆုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment