ခမောက်ကြီးမြို့တွင် အိုမိခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းများ အား အများပြည်သူသိရှိနိုင်ရေး အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခမောက်ကြီးမြို့တွင် အိုမိခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းများ အား အများပြည်သူသိရှိနိုင်ရေး အသိပညာပေး



MNP - မတ်    ၂၉

တနင်္သာရီတိုင်း ဒေသကြီး၊ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်   ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမ ကြီးနှင့်ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက် ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါသည် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကူးဆက်ရောဂါအသွင်ဖြင့် ပြန်လည် ကူးစက်နေပြီဖြစ်သောကြောင့်  အများပြည်သူ သိရှိလိုက်နာနိုင်ရန်အလို့ငှာ အသိ ပညာပေးဆော်ဩခြင်းဖြစ်ပြီး အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ် မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အို နှင့်    နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြု ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်းအသုံးများသော အခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့် သာရောင်းချ သွားကြရန်၊ မိမိနေအိမ်တွင်သာ  ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ နှာခေါင်း စည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့်  မိသားစုအတွင်းဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက် တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံ ရမည်ဖြစ်ကြောင်း ကိုအများပြည်သူသိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။

သတင်း - ရူပါမြင့်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)