မင်းဘူး၌ ကြံများဝယ်ယူမှု များလာသဖြင့် ကြံစိုက်တောင်သူများ ရောင်းအားကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး၌ ကြံများဝယ်ယူမှု များလာသဖြင့် ကြံစိုက်တောင်သူများ ရောင်းအားကောင်း



MNP - မတ်   ၃၁

ရွှေစက်တော် ဘုရားပွဲတော်ရာသီနှင့် အပူရှိန်ပြင်းလာသဖြင့် ကြံရည်စက်များမှ ကြံများ အသုံးများ လာကြသည်။

ထို့ကြောင့် စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူမှုများ ရှိနေသဖြင့် ကြံများရောင်းအားကောင်း လာကြောင်း မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီးကျေးရွာ ကြံစိုက်တောင်သူများထံမှ သိရသည်။

ကြံတစ်ချောင်းလျှင် လက်လီဈေး ၄၀၀ ကျပ်နှင့် သောင်းပြောင်း ၃၀၀ ကျပ်ဈေးများဖြင့် တစ်နေ့လျှင် ကြံအချောင်းရေ ၅၀၀ ကျော် ခုတ်လှဲ ရောင်းချနေရကြောင်း ဇရပ်ကြီးကျေးရွာမှ ကြံစိုက်တောင်သူ ဦးမောင်မြင့်ကျော်က ပြောသည်။

ကြံစိုက်ပျိုးရာတွင် ၃ နှစ်ခန့်ရှိပြီး တစ်ရာသီ စိုက်ပျိုးပါက ၁၀ လလောက် အချိန်ယူ စိုက်ပျိုးရကြောင်း၊ တစ်နှစ်စိုက်ပျိုးပြီး၍ ခုတ်လှဲသည့်အချိန်တွင် ကြံပင်အရင်းမှ စနစ်တကျ ခုတ်လှဲတတ်ပါက အမှိုက်သရိုက်များ မီးရှို့၍ မြေဖွပေးပြီးလျှင် အတက်များထွက်၍ ကြံပင်များ ပြန်လည် စည်ကား လာကြောင်း၊ ဤနည်းဖြင့် ၃ နှစ်ဆက်တိုက် ခုတ်လှဲ ရောင်းချ၍ ရကြောင်း သိရသည်။

ကြံများကို စတင်စိုက်ပျိုးသည့်နှစ်တွင် မြေထွန်ယက်ခ၊ မြေဆီဖိုး၊ စိုက်ပျိုးစရိတ်၊ ပျိုးပင်များနှင့် ပေါင်းစပ် တွက်ချက်လျှင် တစ်ဧက ၆ သိန်းဖိုးခန့် ကုန်ကျသော်လည်း နောက်နှစ်များတွင် အပင်ရင်းမှ စနစ်တကျ ခုတ်လှဲတတ်ပါက မြေရှင်းခနှင့် ကြံပင်ရင်းများ မြေဆွပေးရသည့် အဖိုးအခလောက်သာ ကုန်ကျကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

သတင်း - ဇေယျာထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)