ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ အေရိုးဗစ်နှင့်မြန်မာ့ သိုင်းအခြေခံအားကစားနည်းသင်တန်း၌ တက်ရောက်သူကျောင်းသား/သူများပိုမိုများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ အေရိုးဗစ်နှင့်မြန်မာ့ သိုင်းအခြေခံအားကစားနည်းသင်တန်း၌ တက်ရောက်သူကျောင်းသား/သူများပိုမိုများပြား



MNP -  မတ်   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင်အခြေခံ အားကစားနည်းများဖြစ်သော အေရိုးဗစ်နှင့် မြန်မာ့သိုင်းအခြေခံအားကစားနည်းများကို သင်တန်းအခမဲ့ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် အခြေခံ ပညာမူလတန်း အမှတ် (၇) ကျောင်း၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားနည်းသင်တန်းဖွင့်လှစ်ရာတွင် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့်နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် မြန်မာ့သိုင်း၊ အေရိုဗစ်သင်တန်းများအား မတ်လ(၂၄)ရက်နေ့မှစတင်၍ ဧပြီလ(၆)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလတတိယမြောက်အဖြစ် ကျောင်းသား/ များအား အေရိုဗစ်နှင့်မြန်မာ့သိုင်း အခြေခံအားကစားနည်းများကို သင်ကြားပေးလျက်ရှိရာ သင်တန်းတက်ရောက်သူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၀)ဦး တက်ရောက် ခဲ့ကြရာမှ ယခုသင်တန်းတက်ရောက် သူအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများသည် ယခင်ထက်ပိုမိုများပြားလျက်ရှိ ကြောင်းမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)