သထုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်


MNP ၊ မတ် ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်၌ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

အသိပညာပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရှိနေပြီဖြစ်ရာ ပိုမိုသတိပြုရန်လိုအပ်ပြီး အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် မတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူများအား  အတတ်နိုင်ဆုံးမိမိအိမ်တွင်နေထိုင်ရေး၊ မိမိ‌နေအိမ်ပြင်ပ ထွက်ခွာရပါက Mask ကိုစနစ်တကျ တပ်ဆင်‌ပြီး လူစုလူဝေးနေရာများကို ရှောင်ကြဉ်‌ရေး‌၊ လက်ကို မကြာခဏ ဆေးကြော‌ရေး၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျ စွန့်ပစ်ပြီး အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ၊ အိမ်သားများနှင့် အနီးကပ် မထိတွေ့‌စေရေး‌၊ ရောဂါကူးစက်ပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်း၊ ကာကွယ်ဆေးမပျက်မကွက်ထိုးနှံခြင်းတို့ဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး စသည်တို့ကို လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)