မြောက်ဦးခရိုင်တွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်တွင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအသစ်ဖွင့်လှစ်

 



MNP -  မတ်   ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦးအတွင်း၌ ယမန်နေ့ နံနက် ၉နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအသစ်ဖွင့်လှစ်ခြင်းအခမ်းအနား၌  ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့်မှ အဖွင့်အမှာစကားပြောကြားရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်၌ ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ မီနီဘတ်ဂျက်ဖြင့် မြောက်ဦးခရိုင်ရုံးနှင့် စစ်တွေ မြို့နယ်ရုံးတို့ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် အသိပညာပေး လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ/ နည်းဥပဒေ/ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ဦးစီးဌာနအသစ်တစ်ခုဖွင့်လှစ်ခြင်းသည် မိမိတို့နေထိုင်သည့် မြို့အတွက် အထောက်အကူဖြစ်သည့်အတွက် အခြားသောဌာနများနှင့် ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ထိုရုံးအသစ် ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ရုံးဆိုင်းဘုတ်ကို အမွှေးနံ့သာရေများနှင့်ပက်ဖြန်းခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)