ကျိန္တလီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်


MNP - မတ်   ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက ရှေးဦးစွာပြောကြားရာတွင် ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား/သူများအဖြင့် စာမေးပွဲ ဖြေဆိုချိန်ကာလအတွင်း (၃၁-၃-၂၀၂၂) မှ (၉-၄-၂၀၂၂)ထိ ဒေသတွင်းမလိုလားအပ်သော ပြဿနာ များ မဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အစည်း အဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများအား စာမေးပွဲဖြေဆိုမည့်နေ့ရက်အလိုက် တာဝန် ခွဲဝေပေးအပ်ခြင်း၊ မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများက စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းက ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ခိုင်မိုးမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)