အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှုကင်းရှင်းသောရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များပပျောက် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှုကင်းရှင်းသောရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များပပျောက် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

 


MNP ၊ မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး  ခြိမ်းခြောက်အကြပ် ကိုင်မှုကင်းရှင်းသောရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်း ဖက်အဖွဲ့များပပျောက် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။


ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊  ဒေါက်တာဗညားအောင်မိုး၊  ဦးရွှေကြိမ်း၊  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တို့က NGO ,INGO, CSO အသင်းအဖွဲ့များနှင့်စပ်လျဉ်း၍ စည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အသင်းအဖွဲ့များမှတ်ပုံ တင်ခြင်းဆိုင်ရာဥပဒေကိုလိုအပ်ပါက ပြန်လည်သုံးသပ်ပြီး  ပြင်ဆင် ရေးဆွဲရေး၊ နိုင်ငံတော်အနေဖြင့် လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် ပေးသင့်ပေးထိုက် သူများမကျန်ရှိစေရန် စိစစ်ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးဆိုင်ရာအစီအမံကောင်းများ ကြိုတင်ပြင်ဆင်ရေးဆွဲရေး၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်အောင် ဖျက်ဆီးနှောက်ယှက်နေသူများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ကုန်းတွင်းပိုင်းဒေသများတွင်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန် နိုင်ငံတော်အနေဖြင့် စီစဉ်ပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသေးစားရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညီလာခံများနှင့် အလုပ်ရုံဆွေးနွေးပွဲ များကျင်းပပေးရေး၊ ဆေးရုံ ဆေးခန်းများတွင် အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ကျန်းမာရေးဝန်ထမ်း များအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော သတင်းအမှား၊ သတင်းအမှန်များကို ပြည်သူများနှင့် ကျောင်းသားလူငယ်များ ခွဲခြားသိရှိနိုင်ရေး ပညာပေးဟောပြောပွဲများ ဆောင်ရွက်ရေး၊ ချင်းပြည်နယ်တွင်  ဆောင်ရွက် လျက်ရှိသည့် "ဝ" ဥစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး အတွက်နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရေး၊ အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးကူညီထောက်ပံ့နေသူများကို ထိရောက်စွာအရေးယူဆောင်ရွက်ရေး၊ အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရန် စီမံဆောင်ရွက်ရေး၊ နိုင်ငံခြား သားများအမြဲနေထိုင်ခွင့်(PR) လျှောက်ထားသူများအား သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြုရေး၊ ပညာရေးမူဝါဒများချမှတ်ရာတွင် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များဖြင့် အဖွဲ့ ဖွဲ့စည်းပြီး အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရေး၊ ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များ၊ လုံခြုံရေးဆိုင်ရာ အစီအမံများဖြင့် ကျင်းပသွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။


အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်(PR) လျှောက်ထား သူများအား စနစ်တကျစိစစ်ခွင့်ပြုရေးနှင့်စပ်လျဉ်း၍  ဖြည့်စွက်ဆွေးနွေးသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် NGO ,INGO, စသည့် အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့်  စနစ်တကျ သေချာစိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်ပတ်သက်၍ စနစ်ပြောင်းချိန်တွင် ငြိမ်းချမ်းစွာပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်လုပ်ရပ်များနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ် လျှော့ပေါ့ပေးသွားမည်မဟုတ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အချို့သောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက် နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ချိန်ဆ ဆောင်ရွက်လျက်ရှိကြောင်း၊ မြေဆီလွှာထိန်းသိမ်းနိုင်ရေးနှင့် စိုက်ပျိုးရေးကောင်းမွန် စေရန်အတွက် ဗေဒါအပါအဝင် BIO Fertilizer   ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်နိုင် ရေးအတွက် စက်ရုံများလည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့ကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကုန်တွင်းစွမ်းအင်ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေအောက်အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် စနစ်တကျ လေ့လာသုံးသပ်လျက်ရှိ ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် မူအရပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ကိုသာ ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပြီး  ကျောက်မီးသွေးကို မဖြစ်မနေလိုအပ်သည့် အပူစွမ်းအင်ထုတ်လုပ်ရေးအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း။


မိမိတို့၏ နိုင်ငံတော်တည်ဆောက်ရေးရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍တရားမျှတပြီး  ခြိမ်းခြောက်အကြပ် ကိုင်မှုကင်းရှင်းသောရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်း ဖက်အဖွဲ့များပပျောက် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင်ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်း ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းဆေးညီလာခံကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာများပြည့်စုံရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး ဆေးရုံတိုင်း တွင်ဆရာဝန်နှင့် သူနာပြုအဆောင်များ ဆောက်လုပ်ပေးရန်စီစဉ်လျက်ရှိကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ တိုးမြှင့်ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားစေလို ကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)