၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်သား၊ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်သား၊ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆို





MNP - မတ်    ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ မိုးညို ၊ဒေးဒရဲ ၊အုတ်ဖို ၊ကျောက်ဆည် ၊ကျောက်တံခါး ၊ပြည် ၊ရွှေသောင်ယံ ၊ကျောင်းကုန်း ၊ပုသိမ် ၊ဖားဆောင်း ၊အိမ်မဲ ၊မိုးနဲ ၊ကန်ကြီးထောင့် ၊ကျုံပျော် ၊ပုဏ္ဏားကျွန်း စသောမြို့နယ်များမှ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် စာစစ်ဌာန ၅ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၆၈၂ ဦး၊ဒေးဒရဲ မြို့နယ်တွင် စာစစ်ဌာန ၄ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ    ၉၃၁ ဦး၊အုတ်ဖို မြို့နယ်တွင် စာစစ်ဌာန ၄ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၇၀၀ ဦး၊ကျောက်ဆည် မြို့နယ်တွင် စာစစ်ဌာန ၅ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၉၁၇ ဦး၊ ကျောက်တံခါး မြို့နယ်တွင် စာစစ်ဌာန ၅ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၅၆၇ ဦး၊ပြည်မြို့နယ်တွင် စုစုပေါင်း ကျောင်းသားကျောင်းသူ ဦးရေ ၁၆၈၁ ဦး၊ ရွှေသောင်ယံ မြို့နယ် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၆၀ ဦး၊ကျောင်းကုန်း မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၄၄၄ ဦး၊ ပုသိမ်မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ  ဦးရေ ၄၀၃၂၂ ဦး၊ ဖားဆောင်းမြို့နယ်တွင်စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၃၉ ဦး၊အိမ်မဲ မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၁၂၄၄ ဦး၊မိုးနဲ မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ   ၂၀၅ ဦး၊ကန်ကြီးထောင့် မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၄၄၀ ဦး၊ ကျုံပျော် မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၀၈၈ ဦး၊ပုဏ္ဏားကျွန်းမြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ   ၃၃၂၄ ဦး အေးချမ်းစွာ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)