မိုင်းဖြတ်မြို့နယ်၌ ဆရာ၊ ဆရာမများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ဆရာ၊ ဆရာမများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပြီး ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 


MNP - မတ်   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်) ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ရဲခေါင်က အိုမီခရွန်ရောဂါ အကြောင်း သိကောင်းစရာများနှင့် ကူးစက်မှုမြန်ဆန်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများအပေါ် အကျိုးသက်ရောက်မှုများ၊ ရောဂါမကူးစက်အောင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ ရောဂါကူးစက်ခံရပြီးနောက် ခံစားရသည့် နောက်ဆက်တွဲလက္ခဏာများ စသည်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရဲခေါင်က အခြေခံပညာ ကျောင်းပေါင်း (၈၄)ကျောင်းအတွက်   နှာခေါင်းစည်း(mask) (၈၄၀၀)ခု၊ PPE (၈၄)စုံ၊ Level 2(၄၂၀)စုံ၊ သွားတိုက်ဆေး (၈၄) ဘူး၊ ဖိနပ် (၈၄)ရံ၊ Face Shield (၈၄၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့် က လက်ခံရယူခဲ့ပြီး အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းထွန်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)