တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း၍ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း၍ ထိုးနှံပေး

 




MNP - မတ်    ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စော်ဘွားရပ်ကွက် အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်းတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၈) နာရီ အချိန်မှ စတင်၍  ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်အတွင်းရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများနှင့် အသက်(၁၈)နှစ် ပြည့်ပြီး ကာကွယ်ဆေး တစ်ကြိမ်မှမထိုးရသေးသော ပြည်သူများ၊ သာသနဝန်ထမ်းများ၊ သက်ကြီးဘိုးဘွားများ၊မ သန်စွမ်းသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများအား ဆေးမထိုးနှံမှီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

တမူးမြို့နယ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံရန် ခရီးဝေးကွာလွန်းသည့် ကျေးရွာများ၊ လမ်းပမ်း ဆက်ဆက် သွယ်ရေးခက်ခဲသည့် ကျေးရွာများမှ ပြည်သူများအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင် နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်း များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ကြီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)