မော်လိုက်-တွန်းပင်လမ်းအား ကွန်ကရစ်လမ်းခင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်-တွန်းပင်လမ်းအား ကွန်ကရစ်လမ်းခင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး



MNP - မတ်    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မော်လိုက်-တွန်းပင်သွားလမ်းအား အောက်ခံမြေ သားပြုပြင်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် မော်လိုက်-တွန်းပင်-မိချောင်းတွင်း-တပ်ကုန်း လမ်းပေါ်တွင် Slab Culvert တစ်စင်း တည်ဆောက်နေမှုတို့အား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မော်လိုက်-တွန်းပင်လမ်း အောက်ခံမြေသားပြုပြင်၍ ကွန်းကရစ်လမ်းခင်းခြင်း လုပ်ငန်း ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၏ (၆ လဘတ်ဂျက်) ရန်ပုံငွေ ကျပ်(၁၇၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် တိုင်းလင်းကုမ္ပဏီမှ တာဝန်ယူကာ အလျား(၅)ဖာလုံ၊ လမ်းအကျယ် (၁၂)ပေ၊ ကွန်ကရစ်ထု(၇)လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း (၆ လဘတ်ဂျက်) ရန်ပုံငွေကျပ် (၁၂၁ ဒဿမ ၀၂၈) သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးဌာနမှ ဆောင်ရွက်နေသည့် အလျား(၃)ဖာလုံ၊ လမ်းအကျယ်(၁၂)ပေ၊ ကွန်ကရစ်ထု(၇)လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း တိုင်းဒေသကြီး ပြင်ထိန်းရန်ပုံငွေကျပ် (၇ ဒဿမ ၅) သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူကာ မော်လိုက်-တွန်းပင်-မိချောင်းတွင်း-တပ်ကုန်း လမ်းပေါ်တွင် အလျား (၈)ပေ၊ လမ်းအကျယ်(၂၀)ပေရှိ Slab Culvert တစ်စင်း တို့ကိုလည်းကောင်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မတ်လအကုန်တွင် လုပ်ငန်းများအားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုမ္ပဏီတာဝန်ခံများ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးဌာနမှ လုပ်ငန်းတာဝန်ခံများနှင့် တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ လုပ်ငန်းသုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

မော်လိုက်-တွန်းပင်လမ်းသည် မော်လိုက်မြို့နယ်ဖွံ့ဖြိုးရေးအတွက် အဓိကအားထားရသည့် လမ်းတစ်ခုဖြစ်ပြီး နှစ်စဉ်မိုးရာသီကာလများ၌ ရွှံ့ဗွက်များ ထူထပ်၍ အများပြည်သူသွားလာရေး အခက်အခဲများစွာ ဖြစ်ပေါ်နေကြရသည့်အတွက် ယခုလို ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့် မြှင့်တင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပြီးစီးသွားပါက ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများ သာမက လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက်ပါ များစွာအထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မော်လိုက်သားလေး               

 မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)