မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာတွင် လယ်ယာကုန်ထုတ်တံတား တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာတွင် လယ်ယာကုန်ထုတ်တံတား တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

 


 MNP - မတ်    ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏ ဒေသထွက် ကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက် ကုန်ထုတ်လမ်းနှင့် တံတားများကို ဖောက်လုပ် တည်ဆောက် ပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လအတွင်း ပြည်နယ် ရန်ပုံငွေကျပ် ၂၅ ဒသမ ၀၄ ကျပ်သန်းဖြင့် Southern Royal Class ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး အရှည် ၂၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၇ ပေရှိ လယ်ယာ ကုန်ထုတ် တံတားကို တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)