တပ်မတော်သားတွေ မပြန်ကြပါနဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားတွေ မပြန်ကြပါနဲ့


မဲလိမ်မဲခိုးမှုကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး သွေးရူးသွေးတန်း ဖြစ်နေတဲ့ အာဏာရူး NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာသော လုပ်ရပ်တွေကို ပြည်သူတွေ ခံနေကြဆဲဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာ ကာလအတွင်းမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် ဆရာတော်သံဃာတော်၊ ဆရာ/ ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ကလေးငယ်များအပါအဝင် အပြည်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၂၁၀၀ ကျော်ရဲ့ အသက်ကို NLD အစွန်းရောက် PDF အကြမ်းဖက်မသားတွေက နှုတ်ယူသွားခဲ့ကြပြီးပါပြီ။


ဒီလို NLD အစွန်းရောက် PDF အကြမ်းဖက်မသားတွေရဲ့ ရက်စက်ယုတ်မာမှုကို စစ်တမ်းထုတ်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ သူတို့တွေ စတင်ဆူပူအကြမ်းဖက်လှုံ့ဆော်ချိန်က စပြီး ယနေ့အချိန်အထိ ပျမ်းမျှ နေ့စဉ် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆ယောက်၊ ၇ယောက် နှုန်းနဲ့ လုပ်ကြံသတ်ဖြတ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။


NLD အစွန်းရောက်တွေဟာ အာဏာဘယ်လောက်ရူးသလဲဆိုရင် သူတို့ကိုယ်တိုင်ပဲ ပါးစပ်ဖျားက မချ ဒီမိုကရေစီလို့ တဖွဖွပြောပြီး ဒီမိုကရေစီစည်းကမ်းတကျ ပြည်သူတွေရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို မလိုလားဘဲ ဒီမိုကရေစီကို အရုပ်ဆိုး အကျည်းတန်အောင် မဲလိမ်မဲခိုး လုပ်ပြီး ဥပဒေကို ချိုးဖောက်ခဲ့တာလည်း သူတို့ပဲ။ အာဏာလက်မဲ့ ဖြစ်သွားတဲ့အခါကြတော့ သွေးရူးသွေးတန်း အရူးချီးပန်းဖြစ်ပြီး လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထပ်မံကျူးလွန်လာကြတယ်။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ သူတို့ရဲ့ လုပ်ရပ်တွေမှာ တော်လှန်ရေးစည်းမျဉ်းတွေ နဲ့လည်း မကိုက်ညီတော့ဘူး။ ဒီမိုကရေစီလို့ တဖွဖွအော်နေခြင်းဟာလည်း ဒီမိုကရေစီအရည်ခြုံသက်သက်ပဲ ဖြစ်နေတယ်။ သူတို့တွေဟာ လိုအပ်ရင် လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကိုလည်း အရေခြုံတတ်ကြပါသေးတယ်။


တစ်နှစ်ကျော်ကြာကာလအတွင်း NLD အစွန်းရောက်တွေရဲ့ လှုပ်ရှားမှု မှတ်တမ်းကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ဖြင့် ဒီမိုကရေစီစံနှုန်းနဲ့ တိုင်းတာလို့ ရတဲ့ လုပ်ရပ်မရှိသလို၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုးဆုံး ကျူးလွန်နေတယ်ဆိုတာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ နေ့စဉ် လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ မှတ်တမ်းတွေက သက်သေတွေပါပဲ။


NLD အစွန်းရောက်တွေ ဖွဲ့စည်းလှုပ်ရှားနေတဲ့ PDF အကြမ်းဖက်အဖွဲ့မျိုးစုံရဲ့ ရက်စက်ယုတ်မာမှုက တပ်မတော်သားကိုမှ မဟုတ်ဘူး။ USDP ပါတီဝင်ကိုမှ မဟုတ်ဘူး။ သံဃာတော်၊ ဆရာ/ဆရာမ၊ ကလေးငယ်တွေပါ မချန် သတ်ဖြတ်တယ်ဆိုတဲ့ လုပ်ရပ်တွေက ဒီမိုကရေစီစံနှုန်းထဲက ဘယ်အချက်နဲ့ ကိုက်ညီတာလဲ၊ လူ့အခွင့်အရေးကြေညာစာတမ်းထဲက ဘယ်အချက်တွေနဲ့ ကိုက်ညီနေသလဲ။ အခွင့်သာရင် အချင်းချင်းသတ်ဖြတ်ပြီးတော့တောင် အောင်ပွဲခံနေတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုလောက် အော့နှလုံးနာစရာကောင်းတဲ့ လုပ်ရပ်တွေ မတွေ့ခဲ့ရဖူးဘူး။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ရက်စက်ယုတ်မာမှုမျိုးတွေကို PDF အကြမ်းဖက်အဖွဲ့မျိုးစုံက ကျူးလွန်နေကြခြင်း ဖြစ်ပါတယ်။


အထူးပြုပြီး ပြောရမယ့်ကိစ္စကတော့ PDF အကြမ်းဖက်အဖွဲ့မျိုးစုံ ခြေကုတ်ယူပြီး ယုတ်မာရက်စက်မှုအပေါင်း သရဖူးဆောင်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ဖြစ်ရပ်တွေကို အခြေခံပြီး ပြောရပါတော့မယ်။ အခုလို ပြောခြင်းဟာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အမိန့်နဲ့ တာဝန်အရ အလုပ် လုပ်နေကြတဲ့ တပ်မတော်သားတွေကို အပြစ်တင်လိုခြင်း မဟုတ်ဘဲနဲ့ မေတ္တာရပ်ခံလိုခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ တာဝန်ပေးချက်အရ တာဝန်အရ ဆောင်ရွက်ကြရခြင်း ဖြစ်တာကို နားလည်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ပုလဲမြို့နယ်၊ ကျွန်းလှမြို့နယ် အစရှိတဲ့ မြို့နယ်စုံမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ၊ ဆရာ/ ဆရာမတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အခြေအနေကို ကြည့်လိုက်မယ်ဆိုရင် တပ်မတော်လုံခြုံရေးအဖွဲ့တွေက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ရောက်လာတယ်။ ရောက်လာပြီး ရွာသူ၊ ရွာသားတွေ အေးချမ်းစွာ နေထိုင်ကြဖို့ အကြမ်းဖက်မှုတွေ မကျူးလွန်ကြဖို့ သတိပေးတယ်။ အဲဒီလို တပ်မတော်သားတွေ လာရောက်တဲ့အခါမျိုးမှာ ငြိမ်းချမ်းစွာ နေလိုတဲ့ ပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ ဧည့်ခံတယ်။ တပ်မတော်သားတွေက တာဝန်ပြီးဆုံးလို့ ပြန်သွားပြီဆိုတဲ့အခါကြတော့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက တပ်မတော်သားတွေကို ကြိုဆိုဧည့်ခံတဲ့သူတွေကို ဒလန်အဖြစ် သတ်မှတ်ပြီး သတ်တော့တာပဲ။ ဒီလို ဖြစ်စဉ်မျိုး (၁၀၀)ထက်မနည်း ရှိခဲ့ပါတယ်။


ဒီလိုဖြစ်ပေါ်ခဲ့အခြေအနေတွေနဲ့ ပတ်သက်လို့သာဓက အနေနဲ့ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ဖြစ်စဉ်တွေကို ပြန်ပြီး လေ့လာကြည့်ပါ။ ကာပေါင်းကျကျေးရွာမှာ NLD အစွန်းရောက် အုပ်စုက အားကောင်းတယ်။ အခြားသောပါတီအဖွဲ့ဝင်အင်အားနည်းတယ်။ ဒါကို အခွင့်ကောင်းယူပြီး ကိုယ့်ရွာသူရွာသားအချင်းချင်းကို NLD အစွန်းရောက်တွေက ရက်ရက်စက်စက် သတ်ခဲ့ကြတယ်။ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ဒီလို အကြမ်းဖက်မှုတွေ သတင်းကြားလို့ တပ်မတော်လုံခြုံရေးအဖွဲ့တွေက သွားကြတယ်။ တပ်မတော်စစ်ကြောင်း လာပြီဆိုတာကို တန့်ဆည်မြို့ပေါ်ကနေ သတင်းလှမ်းပို့တယ်။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက ရွာနဲ့ ဝေးရာ တောထဲကို တိမ်းရှောင်နေကြတယ်။ တပ်မတော်သားတွေ ပြန်သွားပြီဆိုရင် ရွာထဲက သူတို့ပါတီဝင်မဟုတ်သူ (အကြမ်းဖက်အားပေးမဟုတ်တဲ့သူတွေ) ကို ပြဿနာရှာတယ်။ အိမ်တွေကို မီးရှို့တယ်။ လူကို သတ်တယ်။ ကာပေါင်းကျကျေးရွာ တစ်ရွာထဲမှာတင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက ကိုယ့်ရွာသား (၁၇)ယောက် အထိ သတ်ခဲ့ကြတယ်ဗျာ။


ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်မြို့တဲ့ဒေသခံတွေက တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ပြည်သူ့စစ်ဖွဲ့ပြီး မိမိတို့ရွာကို ကာကွယ်ဖို့ လုပ်ဆောင်နေစဉ်မှာပဲ PDF အကြမ်းဖက်သမား သူယုတ်မာများရဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။


တန့်ဆည်မြို့နယ်ထဲက အချို့ကျေးရွာတွေမှာဆိုရင် တပ်မတော်သားတွေ လာရောက်ကြတဲ့အခါ သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုကြတာကို မြင်တွေ့ရတယ်။ သူတို့မှာ လိုအပ်နေတယ်။ တပ်မတော်ရဲ့ အကာအကွယ်ပေးမှုကို လိုအပ်နေတဲ့အတွက်ကြောင့် တပ်မတော်သားတွေကို ဝမ်းပမ်းတသာကြိုဆိုကြခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာဗျာ တော်လှန်ရေးသူရဲ့ကောင်းကြီးတွေလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားကြတဲ့ PDF အကြမ်းဖက်သမားများက တပ်မတော်စစ်ကြောင်းလာပြီ တိုက်ပါလား။ တပ်မတော်ကို ကျရှုံးအောင်လုပ်ပါလား။ မတိုက်ရဲဘူး။ ခွေးပြေး ဝက်ပြေး ပြေးပုန်းကြတယ်။ တပ်မတော်သားတွေကိုတော့ မတိုက်ဘူး။ တပ်မတော်သားတွေ ပြန်တော့မှ အပြစ်မဲ့ ရဟန်းရှင်လူတွေကို လိုက်သတ်တဲ့ လုပ်ရပ်ဟာ တော်လှန်ရေး ဟုတ်သေးရဲ့လား။ တပ်မတော်သားတွေ ပြန်သွားပြီဆိုရင်တော့ သူတို့မှာ လုံခြုံမှုကင်းမဲ့သလို ဖြစ်သွားတယ်။ ဘယ်နေ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက ဝင်လာပြီး လူကိုသတ်လေမလဲ၊ ရွာကို မီးရှို့လေမလဲ စိုးရိမ်နေကြရပြီ။


အခုနောက်ပိုင်း နယ်မြေခံတွေက ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပြီး ရပ်ရွာကို အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွာလာကြတာကိုလည်း မြင်တွေရပါတယ်။ လက်နက်ကိုင်ပြီး အပြစ်မဲ့ပြည်သူကို လိုက်သတ်တဲ့ လုပ်ရပ်လောက် ဆိုးရွားယုတ်မာတဲ့ လုပ်ရပ် ရှိပါအုံးမလားဗျာ။


ဆိုရပါရင်ဖြင့် အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူများကိုယ်စား၊ အကြမ်းဖက်ဘေးအန္တရာယ်တွေကို လွန်စွာ ရွံမုန်းတဲ့ စာရေးသူအနေနဲ့ တပ်မတော်သားများကို အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုလိုတဲ့အချက် ရှိပါတယ်။ အကြမ်းဖက်သမားတွေဟာ တပ်မတော်သားတွေကို မတိုက်ရဲပါဘူး။ သတ္တိမရှိတဲ့ သူယုတ်မာတွေ ဖြစ်ပါတယ်။ အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး ယုတ်မာရက်စက်နေကြခြင်းဖြစ်ပါတယ်။ သို့အတွက်ကြောင့် အကြမ်းဖက်သမားများ လွန်စွာ ရက်စက်ယုတ်မာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေက PDF အကြမ်းဖက်ဆိုးရွာသောင်းကျန်းရာ နယ်မြေတွေကို လှည့်လည်တာဝန်ထမ်းဆောင်ကြတဲ့အခါ ကျေးရွာတစ်ရွာမှာ တပ်စုတစ်စု ထိုင်ပြီး ရွာထဲက တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူတွေကို စစ်ပညာတတ်မြောက်သည်အထိ သင်ကြားပေးပါ။ ခုခံကာကွယ်နိုင်မယ့် လက်နက်ခဲယမ်း အပြည့်အစုံကို စနစ်တကျ ထားခဲ့ပေးပါ။ ကျေးရွာအုပ်စု တစ်စုလျှင် တပ်စုတစ်စုလောက် ထိုင်ပြီး ဖြစ်ပေါ်လာတာနဲ့ ချက်ချင်း လက်တုန့်ပြန်နိုင်တဲ့အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။


PDF အကြမ်းဖက်သမားတွေ ဆိုးရွားသောင်းကျန်းနေတဲ့ ဒေသကို ရောက်တဲ့အခါ တပ်မတော်သားတွေ ချက်ချင်းမပြန်ကြပါနဲ့။ တစ်လကိုးသီတင်း တပ်စွဲနေပေးပါ။ တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူတွေက တပ်မတော်သားတွေကို မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ဆရာတော်တွေလို ပြုစုကြပါလိမ့်မယ်။ သူတို့ကို အကာအကွယ်ပေးတဲ့သူကို သူတို့ဘက်က ကျေးဇူးတုန့်ပြန်ဖို့ ဝန်မလေးပါဘူး။ တပ်စွဲနေပေးပါ။ တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူတွေကို ကာကွယ်ရင်း လုံခြုံရေးနည်းပညာတွေ သင်ကြားပေးပါ။ တပ်ပြန်ရုပ်တဲ့အခါ မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်တဲ့အခြေအနေမျိုးဖြစ်မှ တပ်ရုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။


ဖြစ်ခဲ့ပြီးတဲ့ သာဓကတွေထဲမှာ PDF အကြမ်းဖက်သမားတွေက ၅လောင်းပြိုင် လူသတ်ပြီး မီးရှို့သွားတယ်။ အချိန်မီအလောင်းမကောက်နိုင်ခဲ့ဘူး။ တပ်မတော်သားတွေက ပေါ့လျှော့တာမဟုတ်ဘူး။ အမိန့်ပေးတဲ့ အရာရှိတွေအနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို PDF အကြမ်းဖက်သမားက ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်နေတဲ့ အချိန်မှာ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေလိုလားတောင်းတနေကြတဲ့ လုံခြုံရေးကို စနစ်တကျ လုပ်ဆောင်ပေးကြဖို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ တပ်မတော်နှင့် ပြည်သူ အမြဲကြည်ဖြူ၊ အကြမ်းဖက်အန္တရာယ်ဟူသ၍ ပူးပေါင်းနှိမ်နင်းကြပါစို့။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)