(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ဈေးသစ်အား ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ဈေးသစ်အား ဖွင့်လှစ်

 


MNP - မတ်   ၂၈

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ လှာကမြင်မြို့ကွက်သစ်ရှိ လှာကမြင်ဈေးသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဈေးရှေ့၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုအား ကောင်းမွန်သော စည်ပင်သာယာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည့် အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ဈေးကွက်ရှာဖွေခြင်း၊ ပိုမိုတိုးတက်ထုတ်လုပ်ခြင်းများဆောင်ရွက်၍ ဒေသ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါလှာကမြင်မြို့ကွက်သစ်ကို မြို့အင်္ဂါရပ်များ နှင့်အညီ ဈေး၊ အဆင့်မြင့်ဘောလုံးကွင်း၊ အားကစားရုံများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးကစားကွင်း၊ ပန်းခြံ တို့ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူတို့က ဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး ကာ ပြည်နယ်ဝန်ကြီးချုပ်က လှာကမြင်မြို့ကွက်သစ်၊ လှာကမြင်ဈေးသစ် ဆိုင်းဘုတ်အား စက် ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လှာကမြင်မြို့ကွက်သစ်၊ လှာကမြင်ဈေးသစ်ကမ္ဗည်း မော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကာ ဈေးသစ်အတွင်း ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်ဈေးသစ်ကို ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပေ ၄၀၀ x ပေ ၂၀၀ မြေကွက် ပေါ်တွင် ဒေသထွက်အခြေခံစားကုန်နှင့်ခြံထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားနိုင်ရန် အတွက် (၁၄၄ ပေ x ၄၀ ပေ) ရှိ Steel Structure အမျိုးအစားဈေးရုံသစ်တစ်ရုံကို ကုန်ကျငွေကျပ် ၁၈၅ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)