၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်သားကျောင်းသူများ အေးချမ်းစွာစတင် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်သားကျောင်းသူများ အေးချမ်းစွာစတင် ဖြေဆို

 




MNP - မတ်   ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ဆိပ်ကြီးခနောင်တို ၊ သုံးခွ ၊ ရန်ကင်း ၊ မိုင်းတုံ ၊ မြောင်းမြ ၊ မိုင်းဖြတ် ၊ မြို့သစ် ၊ ချောက် ၊ ပင်လောင်း ၊ အလုံ ၊ ဒက္ခိဏသီရိ ၊ ဗဟန်း ၊ ခါမ်းပါတ် ၊ ညောင်လေးပင် ၊ ကျိုက်ထို  မြို့နယ်တို့တွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူများ ဦးရေ  ၂၄၁ ဦး၊ သုံးခွမြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၅၇၆ ဦး၊ ရန်ကင်း မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၃၁၇ ဦး၊ မိုင်းတုံ မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၁၆၁ ဦး၊ ကသာ မြို့နယ်တွင် စာစစ်ဌာန ၂ခုမှ  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ  ဦးရေ  ၅၈၄ ဦး၊မြောင်းမြမြို့နယ် စာစစ်ဌာန  ၁၁ ခုမှ   စုစုပေါင်း ကျောင်းသား၊ကျောင်းသူ  ဦးရေ  ၁၉၀၆ ဦး၊ မိုင်းဖြတ်မြို့နယ်တွင်  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ  ဦးရေ  ၂၀၃ ဦး၊ မြို့သစ် မြို့နယ်တွင် စာစစ်ဌာန ၃ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ  ဦးရေ  ၈၆၃ ဦး၊ ချောက် မြို့နယ်တွင် စာစစ်ဌာန ၇ ခုမှ  စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ  ၈၈၁ ဦး၊ပင်လောင်း မြို့နယ် စာစစ်ဌာန ၁၀ ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၂၁၂၄ ဦး၊ အလုံ မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၃၇ ဦး၊ ဒက္ခိဏသီရိ မြို့နယ်တွင် စာစစ်ဌာန ၂ ခု စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၄၀၈ ဦး၊ ဗဟန်း မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၅၆၃ ဦး၊ခါမ်းပါတ် မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၀၂ ဦး၊ ညောင်လေးပင် မြို့နယ်တွင် စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၂၉၆ ဦး၊ ကျိုက်ထိုမြို့နယ်တွင် စာစစ်ဌာန ၆ခုမှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၀၃၀ ဦးတို့ အေးချမ်းစွာ ဝင်ရောက်ဖြေလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)