ဒိုက်ဦး၌ မဟာသင်္ကြန်စည်ကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦး၌ မဟာသင်္ကြန်စည်ကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မတ်    ၂၉ 

ဒိုက်ဦးမြို့၌ မဟာသင်္ကြန်စည်ကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO များနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာ ၂၀၂၂-ခုနှစ် ဒိုက်ဦးမြို့၏ အတာသင်္ကြန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ကို မြို့လယ်လမ်းဆုံတွင် ဆောက်လုပ်မည်ဖြစ်ပြီးရံပုံငွေကောက်ခံရေးအဖွဲ့ ဧည့်ခံကျွေးမွေးရေး၊ မဏ္ဍပ်ဆောက်လုပ်ရေး၊ ရေပက်ခံမဏ္ဍပ်ဆောက်လုပ်ရေး၊ ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတနှင့် မြန်မာမှုတေးဂီတ အဖွဲ့များဖြင့် ဧည့်ခံရေးအစီအစဉ်များ ထည့်သွင်း နိုင်ရေးနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ အသီးသီးဖွဲ့စည်းပြီး ဌာနဆိုင်ရာများမှ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူရန်နှင့်၊ သက်ကြီးပူဇော်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆွေးနွေးကြရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)