ယူကရိန်းကို ရုရှား ဝင်တဲ့ ( ၁၅) ရက်မြောက်နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ရုရှား ဝင်တဲ့ ( ၁၅) ရက်မြောက်နေ့


MNP ၊ မတ် ၁၀

ဒီနေ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဗရော့ နဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကူလီဘာတို့ တူရကီမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ ကူလီဘာက အပစ်ရပ်ရေးကိစ္စဆွေးနွေးတာ ဘာမှတိုးတက်မှု မရခဲ့ ဘူးလို့ ဆိုပါတယ်။ လာဗရော့ ကတော့ ဇီလန်စကီနဲ့ သီးသန့်တွေ့ဆုံချင်တယ်လို့ ပူတင်ရဲ့ အမှာစကားကို ပြောခဲ့ပါတယ်။

ရုရှားစစ်တပ်က မာရီယူပေါက ကလေးဆေးရုံကို ဝင်တိုက်တာ မိန်းကလေးတစ်ယောက်အပါအဝင် ၃ ဦးသေဆုံးတယ်လို့ ဒေသခံ ယူကရိန်း အာဏါပိုင်တွေက ဆိုပါတယ်။ အဲ့ဒိသတင်းကြောင့် ဇီလန်စကီက ရုရုားက လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်နေပြီလို့ စွတ်စွဲလိုက်ပါတယ်။

မော်စကို အစိုးရက ယူကရိန်က ပုံမှန်မဟုတ်တဲ့ လက်နက်တွေ တီထွင်ထားတယ်လို့ စွတ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အိမ်ဖြူတော်ကတော့ ရုရှား စစ်တပ်တွေ ဇီဝလက်နက် ဒါမှမဟုတ် ဓာတုလက်နက်တွေ သုံးလာနိုင်စရာရှိတယ်လို့ ပြောလာပါပြီ ။

ရုရှားလေတပ်က မနေ့ကညနေကစပြီး ကီဗ်မြို့ ရဲ့ အနောက်ဖက်ကမြို့တွေကို စပြီး ဗုံးကျဲနေပါပြီ ။ လေတပ်ကဗုံးကျဲပြီးနောက်မှာ အမြောက်တပ်ကပါ အမြောက်တွေ နဲ့ ပတ်ခတ်နေပါတယ်။

ဆမ်မီနဲ့ အီနာဟိုဒါက စစ်ဘေးရှောင် ၃ သောင်းခွဲကို ဒီနေ့ ဘေးကင်းရာကို ပို့နိုင်ခဲ့ပြီလို့ ဇီလန်စကီက ပြောပါတယ်။

ရုရှားလုပ် MIG 29 တိုက်လေယာဉ်တွေကို ယူကရိန်းတွေရဲ့ လက်ထဲကို ထည့်ပေးဖို့ရာက စွန့်စားရာ ရောက်လွန်းတယ် ၊ ပြီးတော့ ဘာသက်ရောက်မှုမှ လည်း မရှိနိုင်တဲ့ အတွက်ကြောင့် ဂျမဏီလေတပ် အခြေစိုက်စခန်းမှာရှိတဲ့ တိုက်လေယာဉ်တွေကို ပေးဖို့ ပင်တာဂွန် ( အမေရိကန်စစ်ဌာချုပ်)က ငြင်းလိုက်တာပါ။

ယူကေမှာကတော့ ချယ်ဆီးဘောလုံးအသင်း သူဌေး ပိုင်ဆိုင်တဲ့ ဓန အင်အားနဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရက ဖမ်းဥဖို့ လုပ်နေပါတယ်။ ဝန်ကြီးချုပ်ဂျွန်ဆင်က ပူတင်နဲ့ နီးစပ်တဲ့ သူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေ အင်္ဂလန်မှာ လာပြီးအောင်းထားလို့ မရဘူး ။ အကုန် ဥပစ်မယ်လို့ပြောပါတယ်။

REF: euronews

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)