မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) ၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (၃/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) ၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (၃/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


MNP - မတ်    ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ် ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) ၌ ယမန်နေ့နံနက်ပိုင်းက စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၁) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်နှင့် အကျဉ်းဦးစီးဌာနမှ ကျောင်းအုပ်ကြီး ဦးစန်းအောင်တို့က သင်တန်းဆင်းအမှာစကား အသီးသီးပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း ဂုဏ်ပြု မှတ်တမ်းလွှာများအား သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်နေ့အထိ သင်တန်းကာလ သုံးလကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် သင်တန်းသား ၂၆ ဦးအား စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများ၊ ဆပ်ပြာဆီ၊ ဆပ်ပြာခဲ နှင့် Hand Gel ပြုလုပ်နည်းများ၊ ဆိုင်ကယ်ပြုပြင်ရေး၊ အုတ်ရိုက်၊ တံဆိပ်ရိုက်၊ မုန့်ဖုတ်နှင့် ဆံသစသည့်ပညာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေး ကြောင်း အဆိုပါစခန်းမှ သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)