ဒုတိယနှစ် သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းသား/သင်တန်းသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယနှစ် သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းသား/သင်တန်းသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်တွေ့ဆုံ






MNP - မတ်    ၂၈

ဘားအံသူနာပြုသင်တန်းကျောင်းနှင့် သာဖွားသင်တန်းကျောင်းတို့မှ ဒုတိယနှစ်သူနာပြု-သားဖွားဒီပလိုမာ သင်တန်းကို ပြန်လည်တက်ရောက်ကြမည့် သူနာပြုသင်တန်းသား/သင်တန်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်က  ယနေ့နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်လာမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး နိုင်ငံတစ်နိုင်ငံ ကဏ္ဍပေါင်းစုံမှဖွံ့ဖြိုးတိုးတက်ရန် လူသားအရင်းအမြစ်များ မှာအရေးအကြီးဆုံးပင်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချထိန်းချုပ်နိုင်ခဲ့ ပြီဖြစ်သည့်အပြင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သောသူနာပြုများမွေးထုတ်ပေးနိုင်ရန် လမ်းညွှန်ချက်များနှင့်အညီ ဒုတိယနှစ် သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သတ်မှတ်အရည်အချင်းပြည့်မီ၍ ယခုသင်တန်းကိုတက်ရောက်ခွင့်ရကြသူများ အနေဖြင့် မိမိတို့၏ရည်မှန်းချက်ကို ထိခိုက်ပျက်စီးမခံကြဘဲ လျှောက်လှမ်းလိုသည့်ရည်မှန်းချက်ပန်းတိုင်ကို တည့်မတ် စွာလျှောက်လှမ်းကြဖို့လိုကြောင်း၊ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများနှင့်အညီပြုမူနေထိုင်ပြီး အရည်အချင်းရှိသော သူနာပြုများဖြစ်အောင်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော သူနာပြုများဖြစ်အောင် ကြိုးစားသင်ယူ လေ့လာဆည်းပူးကြစေလိုပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယနှစ်သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းကို ပြန်လည်တက် ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူ ၄၇ ဦးအတွက် ထောက်ပံ့ချီးမြှင့်ငွေ ၉၄၀,၀၀၀ (ကိုးသိန်းလေးသောင်း) ကျပ်၊ ဆန် ၃၃ အိတ်နှင့် ဆီပိဿာချိန် ၁၀၀ တို့ကိုထောက်ပံ့ပေးအပ်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ ဆရာမများအတွက် ငွေကျပ် ၅၀၀,၀၀၀(ငါးသိန်း)ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယနှစ်သူနာပြု၊ သားဖွားဒီပလိုမာသင်တန်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်း သူတစ်ဦးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သင်တန်းကိုရပ်ဆိုင်းပြီး မိဘရပ်ထံပြန်ခဲ့ရသည်မှာ ယခုဆိုလျှင် (၂)နှစ် တိုင်တိုင်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလိုသင်တန်းပြန်လည်တက်ရောက်လာသူအားလုံးကို နွေးထွေးစွာကြိုဆိုတွေ့ဆုံပြီး ကူညီထောက်ပံ့မှုများပေးပါသော ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်အားလုံးကို အထူးပင်ကျေးဇူးတင်ပါ ကြောင်း၊ နိုင်ငံတော်၏ကျေးဇူးတရားနှင့်စေတနာကိုစောင့်သိ၍ သူနာပြုများလိုက်နာရမည့်ကျင့်ဝတ်များနှင့်အညီ နေထိုင်ပြီး အရည်အချင်းရှိသောသူနာပြုများဖြစ်အောင် တိုင်းပြည်နှင့်လူမျိုးအတွက်အားကိုးအားထားပြုရသော သူနာ ပြုများဖြစ်အောင် တက်တက်ကြွကြွ မဆုတ်မနစ်ကြိုးစားလေ့လာသင်ယူသွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

ယင်းနောက် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)