ဘာအံမြို ဇွဲကပင်တောင်၌ အမျိုးသမီးတစ်ဦးပျောက်ဆုံးနေသဖြင့် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာအံမြို ဇွဲကပင်တောင်၌ အမျိုးသမီးတစ်ဦးပျောက်ဆုံးနေသဖြင့် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်




MNP - မတ်   ၃၁

ကရင်‌ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်၌ ယနေ့ (မတ်လ ၃၁ ရက်) နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသဖြင့် မီးသတ်တပ်ဖွဲမှ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

အမည်မသိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဇွဲကပင်တောင်ပေါ်သို့ ဆိုင်ကယ်ဖြင့် တက်လာခဲ့ကြပြီး ညနေဘက်တွင် အတူလာသူအမျိုးသားမှာ ပြန်သွားခဲ့သော် အမျိုးသမီးမှာ  ၎င်းတို့စီးနင်းလာသည့်ဆိုင်ကယ်ကိုသာကို တွေ့ရှိရပြီး လူမှာ ယခုအချိန်အထိ မတွေ့ရှိရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံ လူမှုကူညီအဖွဲ့များနှင့် မီးသတ်ဦးစီးဌာန က သိရသည်။

အဆိုပါ ဇွဲကပင်တောင်ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းကလည်း အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးမှာ မိမိကိုယ်ကို အဆုံးစီရင်သည့်အနေဖြင့် တောင်ပေါ်မှ ခုန်ချသေဆုံးခဲ့သလို ဇူလိုင်လအတွင်း၌လည်း အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ဇွဲကပင်တောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ဖူးသည် ဟုဒေသခံများက ဆိုသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)