ဗန်းမောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာများအား စီမံကိန်းရန်ပုံငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာများအား စီမံကိန်းရန်ပုံငွေများ ထုတ်ချေး



MNP - မတ်    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှု၊ စီးပွားရေးကျပ်တည်းလာမှုများနှင့် စားဝတ် နေရေး အခက်အခဲတို့ကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြသူများအား သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် (၉)နာရီအချိန်က လယ်နက်ကြီးအုပ်စု လယ်နက်ကြီးကျေးရွာ နားနေဆောင်၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန် ရန်ပုံငွေများကို အဌမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများကို ထုတ်ချေးပေးရာတွင် လယ်နက်ကြီးကျေးရွာမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသူ (၄၃)ဦးအား (၂၂၈)သိန်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူ (၄)ဦးအား (၂၆)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၃)ဦးအား (၁၈)သိန်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၁)ဦးအား (၈)သိန်းနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်ကြသူ (၄)ဦးတို့အား (၃၀)သိန်း စုစုပေါင်း (၅၅)ဦးတို့အတွက် သိန်း(၃၁၀)ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်း ကျေးရွာ (၁)ရွာ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၁၇)ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၂)ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၂)ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၂)ရွာနှင့် ယခုနှစ် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၂)ရွာတို့အား သတ္တမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ပြီး ယခုအဌမအကြိမ်အဖြစ် ကျေးရွာ (၁)ရွာအား ထုတ်ချေးပေးခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - မေသူဟန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)