မိတ္ထီလာမြို့နယ် ရေငံကျေးရွာ(အရှေ့) ဓမ္မအလင်းမြတ်ဘုန်းတပ်ကုန်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ရေငံကျေးရွာ(အရှေ့) ဓမ္မအလင်းမြတ်ဘုန်းတပ်ကုန်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ



MNP - မတ်   ၃၁

မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ရေငံကျေးရွာ(အရှေ့)ရှိ ဓမ္မအလင်းမြတ်ဘုန်းတပ်ကုန်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါစာကြည့်တိုက်ဖွင့်ပွဲတွင် စာကြည့်တိုက်ကော်မတီနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတာနန္ဒက စာကြည့်တိုက်ဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းမိန့်ကြားသည်။ ဆက်လက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်က စာကြည့်တိုက်ဖွင့်လှစ်ခြင်းအတွက် ဝမ်းသာပီတိ စကားနှင့် စာကြည့်တိုက်ရှင်သန်ရေးအတွက်အကြံပြုစကားပြောကြားပြီး စာကြည့်တိုက်အတွက်စာအုပ် စာစောင်များကိုစာကြည့်တိုက်ကော်မတီဝင်တစ်ဦးထံ သို့ပေးအပ်လှူဒါန်းသည်။

ယင်းနောက် အဆိုပါစာကြည့်တိုက်အတွက် ခရိုင်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပေးအပ် လှူဒါန်းသော သုတရသစာအုပ်စာစောင်များကို စာကြည့်တိုက်ကော်မတီဝင်တစ်ဦးထံသို့ ဓါတ်ပုံကျွမ်းကျင်-၂ ဦးချမ်းသာက ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ အဆိုပါစာကြည့်တိုက် ရေရှည်ဖွံ့ဖြိုး ရှင်သန်ရေး အတွက်  မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမြင့်မားအောင်က အကြံပြုစကားပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

သတင်း - ချမ်းသာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)