ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ ပန်းခင်းစီမံချက် စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိနိုင်ငံသား စိစစ်ရေးကတ်ပြား(၁၉၈၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၂၆)စု ထုတ်ပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ ပန်းခင်းစီမံချက် စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိနိုင်ငံသား စိစစ်ရေးကတ်ပြား(၁၉၈၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၂၆)စု ထုတ်ပေးပြီးဖြစ်




MNP - မတ်    ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာအုပ်စုများကို ပန်းခင်းစီမံချက်ဖြင့် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်း ရုံးသို့ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့  မှ ၂၀၂၂ခုနှစ် နိုဝင်ဘာ  ၃ ရက်နေ့အထိ (၁၈)လ သတ်မှတ်ဆောင်ရွက်ခဲ့ရာ နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာများအတွင်း ယနေ့ထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၉၈၅ )ဦးနှင့် အိမ်ထောင်စု (၁၂၆)စု အတွက် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း နမ့်ဆန်မြို့နယ် ဦးစီးမှူး ဦးတင်ထွန်းလင်းထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာအုပ်စုများရှိ မိဘပြည်သူများ    ထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံး စာရင်းဆောင်ရွက်ပေးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး၊ လျော့၊ ပြောင်းဝင်၊ ပြောင်းထွက် စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နမ့်ဆန်ဒေသ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)