ါ့သရောက်မြို့တွင် အိုးအမျိုးမျိုးပြုလုပ်ရောင်းချလျက်ရှိသော်လည်း ထန်းဆွဲမြူအိုးများသာ အမြောက်အများ ရောင်းချနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ါ့သရောက်မြို့တွင် အိုးအမျိုးမျိုးပြုလုပ်ရောင်းချလျက်ရှိသော်လည်း ထန်းဆွဲမြူအိုးများသာ အမြောက်အများ ရောင်းချနေရ

 





MNP -  မတ်  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီမစတင်မီ အချိန်တည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုတာနှင့် ထန်းဆွဲမြူအိုး အမြောက်အများ ရောင်းချရခြင်းဖြင့် မိသားစုစီးပွားရေး တွက်ခြေကိုက်နေကြကြောင်း တောင်ကုန်းကျေးရွာနေ ဦးနေလင်းထံက သိရသည်။

အဆိုပါ တောင်ကုန်းကျေးရွာရှိ အိမ်ထောင်စုတိုင်း အိုးလုပ်ငန်းလုပ်ကိုင်လာကြပြီး မည်သည့်အချိန်ကစတင်ပြီး အိုးလုပ်ငန်းလုပ်ကိုင်လာသည်ကို ရွာထဲရှိ အသက်အကြီးဆုံး အဘိုးအဖွားများပင်မသိရှိကြပဲ ရွာ၏အပြင်ဘက်ရှိ အိုးဖုတ်ကုန်း(အိုးဖို)သုံးကုန်းက အိုးလုပ်ငန်းခေတ်အဆက်ဆက် လုပ်ကိုင်လာခဲ့ကြသည်တို့အား မြင်ရုံနှင့်ပင်သိရှိနိုင်ကြောင်း ဘိုးစဉ်ဘောင်ဆက်အိုးလုပ်ငန်း လုပ်ကိုင်လာသည့် ဦးနေလင်းကပြောကြားသည်။ အိုးအမျိုးမျိုးပြုလုပ်ကြသော်လည်း ထန်းဆွဲမြူ အိုး အိမ်တိုင်းပြုလုပ်ကြကြောင်း အိုးလုပ်ရာတွင် မြေကြမ်းအမျိုးအစားမြေနှင့်ကန်မြေအမျိုးအစား အချွဲ(ရွံ့စေးမြေ)တို့ကိုအဓိကထားအိုးလုပ်ကြကြောင်း ၊ အိုးလုပ်ရန်အတွက် မြေသားမှုန်နေအောင် ကြိတ်နယ်ရပြီး အမှိုက်၊ သစ်မြစ်သေ၊ သစ်ရွက်များ ကင်းစင်အောင်ဖယ်ရှားကာ မြေသားသန့်ရှင်းပြီ ဆိုတာနှင့် မြေသားနှစ်မျိုးအားရေဖြင့်နှပ်ထားပြီး ရွံ့တုံးများအား အဝတ်အစိုဖြင့် အုပ်ထားကြောင်း၊ အိုးပြင်လှဲ့လှည့်သူနှင့် အိုးထွင်းသူနှစ်ဦးဖြင့် အိုးလုပ်ငန်းလုပ်ကိုင်၍ရကြောင်း အိုးထွင်းသူသာ အဓိကကျပြီး အိုးပြင်လှဲ့အား တစ်ရွာလုံးရှိ လူတိုင်းလှည့်တတ်ကြောင်း သိရသည်။

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးများအား ထန်းတောင်သူများကြိုက် နှစ် သက်ရခြင်းမှာ ပါးလွှာပြီး ပေါ့ပါးခြင်းကြောင့် ထန်းတက်ရာသီထန်းတောင်သူတိုင်းလာရောက် ဝယ်ယူကြကြောင်း ၊ထန်းသမားတစ်ယောက်ထန်းတက်လျှင် ထန်းဆွဲမြူအိုး (၇)နှစ်လုံးထိခါးချိတ် ထန်းတက်နိုင်ကြခြင်းမှာ ပေါ့ပါးပြီး ပါးလွှာသည့်ထန်းဆွဲမြူအိုးများကြောင့် ထန်းတောင်သူများအကြိုက်တွေ့ကြကြောင်း ငါ့သရောက်မြို့ တမာခါးကျေးရွာ ထန်းတောင်သူ ဦးမြင့်မောင်ကရှင်းပြ သည်။ထန်းဆွဲမြူအိုးများအား နတ်တော်လမှစတင်ပြုလုပ်ကြပြီး တစ်ရက်လျှင် နှစ်သောင်ငါးထောင် လုံးထိထန်းဆွဲမြူအိုးပြုလုပ်ရောင်းချရကြောင်း ထန်းဆွဲမြူအိုးတလုံးလျှင် (၁၂၀)ကျပ်ရောင်းချရပြီး နတ်တော်၊ ပြာသို၊ တပိုတွဲ သုံးလအတွင်း ထန်းဆွဲမြူအိုးအလုံးရေ နှစ်သိန်းခွဲကျော်ပြုလုပ်ရောင်းချရ ပြီး တောင်ကုန်းကျေးရွာအထိလာရောက်ဝယ်ယူကြကြောင်း အိုးထွင်းပညာရှင် ဒေါ်စန်းယုံကပြောပြ သည်။ထန်းဆွဲမြူအိုးလာရောက်ဝယ်သူများသည် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာမှထွက်ရှိ သည့် ထန်းဆွဲမြူအိုးတိုင်း အလုံးအထည်တူညီကြခြင်းကြောင့် ဖောက်သည်စွဲမထားပဲလာရောက် ဝယ်ယူကြကြောင်း တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးတစ်လုံးလျှင် ထန်းရေသုံးလီတာခွဲ ဆန့်ကြောင်း ဒေါ်စန်းယုံကပြောကြားသည်။ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာသည် အိုးအမျိုး မျိုးပြုလုပ်ကြပြီး ထန်းဆွဲမြူအိုးနှင့် ပြာသိုသောက်ရေအိုးတို့မှာ နာမည်ကျော်ငါ့သရောက် ဒေသ ထွက်အိုးများဖြစ်ကြောင်း၊ ရေဆေးမြေဇလုံ၊ မြေပန်အိုး၊ မြေဘုရားပန်းအိုး၊ မြေသားမီးဖို၊ မုန့်ပြား သလပ်အိုးခင်း၊ မြေသားစုဗူး ၊ ထန်းလျက်အရက်ချက်ချွေးပေါင်းခံအိုး၊ ကောက်ညှင်းပေါင်းအိုး ၊ပန်းပင်စိုက်မြေသား အိုးအမျိုးမျိုးတို့ပြုလုပ်ရောင်းချကြကာ ကျောက်ပန်းတောင်း၊ တောင်သာ ၊ညောင်ဦး ၊ပုဂံ ၊ချောက် ၊ တောင်ဇင်းကျေးရွာ၊ ဂျမ်းလှီးကျေးရွာများမှလာရောက်ဝယ်ယူကြကြောင်း နှင့်ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိုးဖုတ်ကုန်း(အိုးဖို) သုံးကုန်းရှိရာ တစ်ရွာလုံးမဲစနစ်ဖြင့် မိမိတို့အိုးဖုတ်ဖို့ မဲကျရာနေရာတွင် အိုးဖုတ်(အိုးဖို)ရကြောင်းသိရပြီး တစ်အိမ်ထောင်လျှင် တစ်ရက်ထန်းဆွဲမြူအိုး နှစ်ရာကျော်ပြုလုပ်ရောင်းချနေရပြီး အိုးအမျိုးမျိုးပြုလုပ်ရောင်းချလျက် ရှိသည်ထဲမှ ထန်းဆွဲမြူအိုးများသာ အမြောက်အများ လုပ်ကိုင်ရောင်းချနေရကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)