ကျောက်တံတားမြို့နယ်တွင် လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းဆင်းပွဲ ကျင်းပ





MNP -  မတ်   ၃၁

လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကျောင်းပိတ်ရက်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းကို မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ သင်တန်းသား(၂၀)ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတတိယမြောက် ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် ဆက်လက်ပို့ချခဲ့ရာ သင်တန်းသား/သင်တန်းသူများအား အရေးပေါ်ရုတ်တရက် ကြုံလာလျင်လူနာကို အသက်ရှူလမ်းကြောင်းဖွင့်ရာတွင် အသက်ရှူအားကူနည်း၊ နှလုံးဖိနှိပ်နှိုးဆွနည်းနှင့်  ထမ်းစင်ဖြင့်သယ်ယူနည်းများကို စာ‌တွေ့ပို့ချခြင်း၊ လက်တွေ့ပို့ချခြင်းများ သင်ကြားခဲ့ပါသည်။

ထို့နောက်မွန်းလွဲ(၁)နာရီတွင် သင်တန်းသား/သင်တန်းသူများ၏သင်ယူတတ်မြောက်မှုများကို စာတွေ့နှင့် လက်တွေ့စစ်ဆေးပြီး ထူးချွန်သည့်သင်တန်းသား/သင်တန်းသူများအား ဆု အသီးသီးချီးမြှင့်၍ သင်တန်းဆင်းပွဲကို ညနေ(၄:၃၀)တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သတင်း - ရွှေဇင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)