ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအားလုံး ထိုးနှံစေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအားလုံး ထိုးနှံစေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်



MNP - မတ်    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပြည်သူများအားလုံး ထိုးနှံစေရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နေ့လယ်(၁)နာရီက ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းက  လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွမ်းခြုံနိုင်မှု အခြေအနေများနှင့် ပြည်သူများ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ လာအောင်မည်သို့စည်းရုံးကြရမည်ကို တင်ပြဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အခြေအနေများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့သန့်ရှင်းသာယာလှပရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးကြ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - လှိုင်မျိုးအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)