တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

 


MNP -  မတ်    ၂၈

၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် နြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်စာစစ်ဌာနအလိုက် မေးခွန်လွှာများထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်းဖြေဆိုခြင်းနှင့် အဖြေလွှာစာရွက်များ ပြန်လည် ပို့ဆောင်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေလုံခြုံစွာ ဆောင်ရွက်နိုင်စေရန်နှင့် စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်စေရေးအတွက် မီးဘေးအန္တရာယ် ကင်းဝေစေရေးအတွက် လျှပ်စစ်မီးများအား ကြိုတင်စစ်ဆေးဆောင်ရွက်ရန်၊ ကျောင်း ပတ်ဝန်းကျင်အတွင်း အမှိုက်များ ရှင်းလင်းရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ် ပညာရေးမှူးဒေါ်နုနုကြည်က အ.ထ.က ကော့မှူးစာစစ်ဌာနတွင် အတွင်းဖြေ ၁၁၃ဦး၊ အပြင်ဖြေ ၁၃၁ဦး စုစုပေါင်း၂၄၄ဦး၊အ.ထ.က ကျိုက်ထော်တွင်းအ‌တွင်း ဖြေ၈၇ဦး၊ အပြင်ဖြေ၃၂ဦး၊ စုစုပေါင်း၁၁၈ဦး၊ အ.ထ.က ဝါးဘလောက်သောက် စာစစ်ဌာနတွင် အတွင်းဖြေ၁၀၉ဦး၊ အပြင်ဖြေ၆၁ဦး၊ စုစုပေါင်း၁၇၀ဦး၊ စာစစ်ဌာန(၃)ခုတွင် အတွင်းဖြေ (၃၀၉)ဦး၊ အပြင်ဖြေ (၂၂၃)ဦး စုစုပေါင်း(၅၃၂)ဦးဝင် ရောက်ဖြေဆိုမည်ဖြစ်ပြီး အတွင်းစည်းလုံခြုံရေးအတွက် ပညာရေးဝန်ထမ်းများပါဝင်သည့် စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့နှင့် တာဝန်ကျ ဆရာ/ဆရာမများက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည် များကိုမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်သူရ

မြန်မန်ာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)