ကွတ်ခိုင်မြို့နယ် မြန်မာ့စီးပွားဘဏ်မှ အငြိမ်းစားပင်စင်လစာများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ် မြန်မာ့စီးပွားဘဏ်မှ အငြိမ်းစားပင်စင်လစာများ ထုတ်ပေး



MNP - မတ်   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မတ်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ မတ်လ(၂၁)ရက်မှစ၍ နေ့စဉ်နံနက်(၈)နာရီအချိန် က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ပင်စင်စားဦးရေ (၉၀၂)ဦးရှိပြီး ပင်စင်လစာငွေများကို ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

သတင်း - ဌေးဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)