အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံးတွင် လစဉ်အခမဲ့ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံးတွင် လစဉ်အခမဲ့ကုသပေး



MNP - မတ်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အာရောဂျတံခွန် မျက်စိအထူးကုဆေးရုံတွင် ဦးဆောင်နာယကဆရာတော်များက မျက်စိဝေဒနာရှင်များအား လစဉ်တိုင်းအခမဲ့ ကုသပေးလျက်ရှိကြောင်း သိရသည်။ ၁၉.၃.၂၀၂၂ ရက်နေ့တွင် (၂၀၄) ဦး စစ်ဆေးကုသပေးလျက်ရှိပြီး၊ ၂၆.၃.၂၀၂၂ ရက်နေ့တွင် (၁၉)ဦး ခွဲစိတ်ကုသပေးပြီးဖြစ်ကြောင်း သိရသည်။ ၂၈.၃.၂၀၂၂ ရက်နေ့တွင် (၁၇၅)ဦး စစ်ဆေးကုသပေးလျက်ရှိပြီး ခွဲစိတ်ရန်ကျန်ရှိသူများကို ၂၉.၃.၂၀၂၂ ရက်နေ့မှစ၍ ဆက်လက်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာရောဂျတံခွန် မျက်စိအထူးကုဆေးရုံကြီးတွင် မျက်စိတစ်လုံးစာ (၃၅၀၀၀) ကျပ်နှုန်းဖြင့် လှူဒါန်းမည့် အလှူရှင်များအနေဖြင့် ဆရာတော်ဘဒ္ဒန္တ ခေမာစာရဒွိပိဋကဓရ (ပိဋကတ်နှစ်ပုံဆောင်) ကွမ်းခြံကုန်းကျောင်းတိုက် ဦးစီးပဒါန နာယကဆရာတော်ကြီး၏ ဖုန်း ၀၉-၄၂၈၅၃၇၀၅၀ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ဆရာတော်ကြီးထံမှ သိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)