တိုက်ကြီးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယနေ့အဖြစ် သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယနေ့အဖြစ် သင်ကြားပို့ချ



MNP - မတ်   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တိုက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ဖွင့်လှစ်သင်ကြားပေးသော ရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယမြောက်နေ့ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက စတင်သင်ကြားပေးသည်။

ရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယမြောက်နေ့ သင်ကြားပို့ချရာတွင်  မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ခွဲမှူး ဒေါ်နိုင်နိုင်မော်နှင့် ဒုတိယတပ်ခွဲမှူး ဒေါ်ခင်မေဦး တို့က ထိခိုက်ဒဏ်ရာအမျိုးမျိုးနှင့် ရှေးဦးသူနာပြုစုနည်းများ၊ မြွေကိုက်လူနာ ရှေးဦးသူနာပြုစုနည်း များကို သင်ခန်းစာမှတ်စုတိုများဖြင့် အကျယ်တဝင့် ဆွေးနွေးပို့ချပေးခြင်း၊  မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်ထွန်းနှင့် ရုံးအဖွဲ့မှူး ဦးသန်းဇော်မိုး တို့က လူနာကိုင်တွယ်ရာတွင် သတိပြုလိုက်နာရမည့် အချက်များ၊ သက်ကြီးရွယ်အိုများနှင့် အခြားလူနာများအား အိပ်ယာခင်းလဲပုံ၊ သယ်ယူပုံ၊ အသက်ရှုလမ်းကြောင်း ဖွင့်ရာတွင် အသက်ရှုအားကူနည်း၊ နှလုံးဖိနှိပ်နှိုးဆွနည်းများကို ကလေးငယ်များတွင် ပြုစုနည်းနှင့် လူကြီးများတွင် ပြုစုနည်း တို့ကို သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းသား သင်တန်းသူများအား စာတွေ့ လက်တွေ့ပို့ချပေးသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကြသည့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကို အသီးသီး ချီးမြှင့်ပေးသည်။

အဆိုပါသင်တန်းကို မြို့မ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ  (၁၆) ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)