ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၅၅၂၃ ဦးနှင့် ဒုတိယ အကြိမ် ထိုးနှံပြီးသူ ၆၇၂၇၀ ဦးရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၇၅၅၂၃ ဦးနှင့် ဒုတိယ အကြိမ် ထိုးနှံပြီးသူ ၆၇၂၇၀ ဦးရှိပြီဖြစ်



MNP - မတ်    ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေး လျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၇၅၅၂၃ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၇၂၇၀ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် ဆေးထိုးစုရပ်များဖြစ်သည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာရှိ နိဗ္ဗာန် (တ) ဘုန်းတော်ကြီးကျောင်း၊ ကုန်းဇောင်း ကျေးရွာ တိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာကျေးလက်ကျန်းမာရေးဌာနတို့တွင် နေ့စဉ် ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေးအခက်အခဲ ရှိသူများနှင့် သက်ကြီး ဘိုးဘွားများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်၌ တစ်မြို့နယ်လုံး ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ စုစုပေါင်း ၁၃၅၄၄၂ ဦးရှိပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ထမအကြိမ် ထိုးနှံပြီးသူ ၇၅၅၂၃ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၇၂၇၀ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား တစ်မြို့နယ်လုံး ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံ ပြည်သူများအနေဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ်များ အလိုက်မဖြစ်မနေ သွားရောက်ထိုးနှံနိုင်ရေး နယ်မြေအလိုက် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)