MNP - မတ် ၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ထိုသို့ ဆက်လက်ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် Sinopharm ပထမ အကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို စဉ့်ကူးကျေးရွာနှင့် မြို့နယ် ပြည်သူ့ဆေးရုံတို့တွင် လူဦးရေ ၅၀ ဦးကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆဋ္ဌမ အသုတ် Covishield ပထမအကြိမ် ထိုးနှံထားသော ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို စဉ့်ကူးကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် လူဦးရေ ၃၁၉ ဦးတို့ကို ဆေးထိုးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများဖြစ်သည့် Sinopharm၊ Sonovac၊ Covidshield နှင့် Sputnik Light တို့ကို စုစုပေါင်း ၁၇၇၈၆၈ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster dose ထိုးနှံပြီးသူ ၃၃၈၃ ဦးရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment